Unit (12) Unicode Ver

978 106 5
                                    

felix ကားကိုတရှိန်ထိုးမောင်းလာလိုက်ပြီး အိမ်ထဲကိုအမြန်ပြေးဝင်လိုက်တယ် မေမေအိပ်နေတာကြောင့်မနိုးစေချင်လို့ တိုးတိုးလေးပဲဝင်လာပြီး အခန်းထဲမှာငိုနေမိတယ် felix hyunjin ကိုအရမ်းလန့်သွားတယ် သူ့အတွက်ကိုယ်ကဘာလဲဆိုတာကိုတွေးရင်းတွေးရင်းငိုနေမိတယ်ငိုနေရင်းနဲ့ပဲအိပ်ပျော်သွားတဲ့ကောင်လေးက နေရောင်စူးစူးတို့ကြောင့် နိုးလာခဲ့တယ် အောက်ဆင်းသွားတော့မေမေ့ကိုမတွေ့တာနဲ့ felix မနက်စာပဲငြိမ်ငြိမ်လေးထိုင်စားနေလိုက်တယ် တစ်ညလုံးငိုထားတာကြောင့်ခေါင်းတွေကလည်းထိုးကိုက်နေတယ်

"lixie ဘယ်အချိန်ကပြန်ရောက်တာလဲ"

"ညထဲကလေ"

"သြော် ညကနောက်ကျတာလား မေမေကhyunjin ဆီမှာပဲအိပ်တယ်ထင်လို့"

".........မအိပ်ပါဘူး"

အခုလောလောဆယ် felix hyunjin နာမည်တောင်မကြားချင်တာကြောင့် မေမေနဲ့တောင်စကားမပြောဖြစ်ဘဲ အခန်းထဲဘဲအောင်းနေလိုက်တယ် ခဏနေတော့ မေမေကအခန်းထဲဝင်လာတယ်

"lixie မျက်နှာလည်းမကောင်းဘူး hyunjin နဲ့ဘာဖြစ်လာတာလဲ"

"ဘာမှမဖြစ်ပါဘူးမေမေ"

"တစ်ခုခုဖြစ်ရင်မေမေ့ကိုဖုံးကွယ်မထားပါနဲ့ ကလေးရယ် မေမေ့ကိုတော့ပြောပြလို့ရပါတယ်"

"..............တကယ်တော့ hyunjin *********"

felixလည်းမေမေ့ကိုအကြောင်းစုံပြောပြလိုက်တယ်
felix မေမေလည်းအိပ်ရာပေါ်လှဲနေတဲ့felixခေါင်းလေးကိုအသာအယာပုတ်ပေးလိုက်တယ်

"သူကlixieကိုဘယ်လိုမျိုးသတ်မှတ်ထားလဲမသိဘူးမေမေ"

".............."

"lixie......"

"မငိုပါနဲ့ကလေးရယ်"

".........."

~အချစ်ဆိုတာ ကိုယ့်ကိုတန်ဖိုးထားတဲ့လူအတွက်ပဲထိုက်တန်ပါတယ် ကလေးရယ် တန်ဖိုးမထားတဲ့လူအတွက်တော့မဟုတ်ခဲ့ဘူး....

felix လည်းဆက်မငိုတော့ဘဲ မျက်နှာကျက်ကြီးကို အသက်မပါစွာထိုင်ကြည့်နေမိတယ် felix ရဲ့စိတ်တွေကိုနားလည်သည့်အလား အပြင်မှာမိုးတွေမှောင်လာပြီး သဲကြီးမဲကြီးရွာလာတော့တယ် felix ပြတင်းပေါက်လေးနားကိုသွားလိုက်ပြီး

I wanted U (Complete)Where stories live. Discover now