အပိုင်း(1)

2.4K 59 5
                                    


ကိုကိုသည်သာကျွန်တော့်ကမ္ဘာ

"တောက်!"

"ဟင်  မောင်"

" မင်းလိုမိန်းမကိုငါမုန်းတယ် မင်းကိုငါသေလောက်အောင်မုန်းတယ်"

"မောင် မောင် ချစ်တောင်းပန်ပါတယ် မောင်အထင်လွဲတာပါ ချစ်ရှင်းပြပါရစေ"

"တော်စမ်း မင်းပါးစပ်ကငါ့ကို‌ မောင်လို့ လာမခေါ်နဲ့ နားခါးလွန်းလို့ပါကွာ မင်းငါ့ရှေ့က ခုချက်ချင်းထွက်သွား"

"မောင် မောင်ရယ်ချစ်ပြောတာနားထောင်ပါဦးနော် မောင်"

"တောက်! တော်တော်ပြောရဆိုရခက်တဲ့မိန်းမပဲ မင်းပြောတာငါအားလုံးကြားပြီးပြီ
မင်းမထွက်သွားဘူးလား ရတယ် ငါထွက်သွားမယ် မင်းနဲ့ငါနဲ့ဇာတ်လမ်းဒီမှာပြီးပြီ"

"မောင် မောင်...ကြား..."

"ဟုတ်တယ် ငါကြားတယ်"

"မောင်..... မောင်"

ကျွန်တော်သူမရဲ့အသံတွေကိုလျစ်လျူရှုပြီးထိုနေရာမှထွက်လာလိုက်သည်။မုန်းသည် ကျွန်တော်သူမကိုအရမ်းမုန်းသည်။

"ကျွန်တော်ပေးဆပ်ချစ်ခဲ့သမျှကျွန်တော်ပြန်ရလိုက်တာ ဒီလိုသစ္စာဖောက်မှုတဲ့လား လောကကြီးရယ် မတရားလိုက်တာဗျာ ခင်ဗျားကတော့ကျွန့်တော့်ကို အရှုံးသမားတယောက်ဆိုပြီး ဟားတိုက်ရီနေမှာပေါ့ လုပ်ပါဗျာ လုပ်ပါ ခင်ဗျားစိတ်ကြိုက်ကျွန်တော့်ကိုဒုက္ခတွေပေးလိုက်စမ်းပါ"

ကျွန်တော်စိတ်ညစ်ညစ်နဲ့ပြောချင်ရာအော်ပြောနေမိသည်။ထိုအချိန်

"ဟိတ် လူကြီး"

အသံလာရာသို့လှည့်ကြည့်လိုက်တော့ကျွန်တော့ကိုလှမ်းခေါ်လိုက်တဲ့ကောင်လေးတယောက်။အသက်ကတော့18ဝန်းကျင်လောက်ဖြစ်မယ်ထင်သည်။

သူ့ရဲ့မျက်လုံး‌လေး သူရဲ့နှာတံစင်းစင်းလေး ပြီးတော့ဆေးမကူပဲနဲ့အနီရောင်သန်းနေတဲ့သူ့ရဲ့နှုတ်ခမ်းလေး အကုန်ခြုံပြီးပြောရမယ်ဆိုရင် သူအရမ်းလှတယ်

ယောင်္ကျားလေးတယောက်ကိုလှတယ်လို့ပြောတာသဘာဝမကျပေမဲ့ကျွန်တော့မျက်လုံးထဲမှာသူအရမ်းလှတယ်

ကိုကိုသည်သာ ကျွန်တော့်ကမ္ဘာWhere stories live. Discover now