ယွီပင်းနောက်နေ့မနက်မှာ အစ်ကိုလေးပေးတဲ့လိပ်စာလေးဆီကိုသွားခဲ့တယ်။"ဒေါက် ဒေါက်"
"အန်တီ ဒါဝမ်ရိပေါ်တို့အိမ်လားမသိဘူး"
"ဟုတ်ပါတယ်ကွယ် အန်တီကဝမ်ရိပေါ်မားပါ ဘာကိစ္စရှိ....."
"မင်္ဂလာပါ ကျွန်တော့်ကိုအစ်ကိုလေးရှောင်းကျန့်ကလွှတ်လိုက်တာပါ ဝမ်ရိပေါ်ကိုအစ်ကိုလေးကခေါ်ခိုင်းလိုက်လို့ပါ"
"ဪ ခဏနော် သားရိပေါ်ရေ သား...."
"မား လူကြီးလာပြီလား"
ရိပေါ် အခန်းထဲကပြေးထွက်လာခဲ့သည်။တံခါးပေါက်ရှေ့မှာတွေ့တဲ့သူက လူကြီးမဟုတ်
"သားရယ် ဘာလို့ပြေးလာတာတုန်း သား သားကိုလာခေါ်တာတဲ့ သားလေးရှောင်းကျန့်လွှတ်လိုက်တာ"
ဘာ လူကြီးလွှတ်လိုက်တာ ဘာလို့လဲ လူကြီး
ကဘာလို့မလာတာလဲ ဟွန် ရိပေါ်လူကြီးကိုနဲနနဲတော့စိတ်တိုသွားမိသည်။တကယ်တော့သူမနက်အစောကြီးတည်းကလူကြီးကိုမျှော်နေခဲ့တာမဟုတ်လား"သား ဟိုမှာကောင်းကောင်းနေနော် မားဆီရောက်ရင်ဖုန်းဆက်ဦး ကျောင်းပိတ်တိုင်းလဲပြန်လာနော်"
"ဟုတ်ကဲ့ မား သားသွားတော့မယ် တာတာ"
ရိပေါ်လဲမားကိုနှုတ်ဆက်ပြီးသူ့ကိုလာကြိုတဲ့ကားပေါ်တက်ခဲ့လိုက်သည်။သွားနေတဲ့တလျှောက်လုံးတစ်ကားလုံးလဲတိတ်ဆိတ်လို့ လူကြီးလွှတ်လိုက်တဲ့သူကလဲရုပ်ကလေးကသာချောတာ တခါတခါကားထဲကနောက်ကြည့်မှန်နဲ့ ကျွန်တော့်ကိုကြည့်ကြည့်နေတာ အကြည့်ကြီးကကြောက်စရာကြီးဗျာ ဒီလိုလူမျိုးကိုဘာလို့လူကြီးကလွှတ်လိုက်လဲမသိဘူး
ခဏလောက်ကြာတော့ ကျွန်တော်တို့ကွန်ဒိုလေးတလုံးဆီရောက်လာခဲ့တယ်။
"ရောက်ပြီ"
ကားမောင်းလာတဲ့သူကြီးကကျွန်တော့်ကိုကားတခါးဖွင့်ပေးတော့ ကျွန်တော်ဆင်းပြီးပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်သည်။
"မဆိုးပါဘူး တိတ်ဆိတ်ပြီးနေချင်စရာလေး"
"မင်းကိုအစ်ကိုလေးစောင့်နေတယ်"
YOU ARE READING
ကိုကိုသည်သာ ကျွန်တော့်ကမ္ဘာ
Fanfictionအသည်းကွဲလာတဲ့ကောင်လေးနှစ်ယောက် အမှတ်မထင် ဆုံတွေ့မှုမှ အချစ်တွေပေါက်ဖွားလာတော့ သူတို့နှစ်ဦးရဲ့အဆုံးသတ်က ဘာဖြစ်မလဲ