အပိုင်း(12)

283 19 5
                                    


"ကိုယ် ရင်တွေအရမ်းခုန်နေတယ် ဘာလို့လဲသိလား"

ရှောင်းကျန့် အသံကြားတော့မှ ရိ‌ပေါ် ရှောင်းကျန့် ရင်ခွင်ထဲက ရုန်းထွက်လိုက်ပြီး

"အဝတ်ဝတ်ပြီး မြန်မြန်လာခဲ့"

ရိပေါ်ပြောပြီး မြန်မြန်သာထွက်လာခဲ့လိုက်သည် မဟုတ်ရင် အဲ့လူကြီးမျက်နှာကိုကြည့်ရင် ရန်တုန်လွန်းလို့ သေရလိမ့်မယ်

ချာတိတ်ရာ ကိုယ်ကစိတ်ထိန်းနေပေမဲ့ မင်းက ကိုယ်စိတ်မထိန်းနိုင်အောင် လုပ်နေတာပဲကွာ

ရှောင်းကျန့်လဲ အင်္ကျီလဲပြီး ဆင်းလာခဲ့‌ တော့ ချာတိတ်ကစားတောင်စားနေပြီ သူလဲချာတိတ်မှာထားတဲ့ Piazzaကို ယူစားနေလိုက်သည် စားနေတဲ့တလျှောက်လုံးမှာ ချာတိတ်က သူ့ကိုမျက်နှာချင်းမဆိုင်သလို စကားလဲ တလုံးမျှမပြော

ညနေအိမ်ရောက်တည်းက ရွာတဲ့မိုးက ခုချိန်ထိ မစဲဘဲ မိုးခြိမ်းသံတွေနဲ့ သည်းသည်းမြဲမဲ ရွာနေသည်

ရိ‌ပေါ်အခန်းထဲမှာ‌စောင်ကိုခေါင်းထိဆွဲခြုံ နားကိုလက်နဲ့ပိတ် မျက်လုံးစုံမှိတ်ကာ အိပ်ဖို့ကြိုးစားနေသည် ဒီလို မိုးသဲရင် ဦးလေးတို့လင်မယားအခန်းထဲပြေးဝင်ကာ တိုးကြိတ် အိပ်ခဲ့တာ ခုတော့ တယောက်တည်းအိပ်ရတော့မယ်

တွေးလို့တောင်မဆုံးသေး မှန်ပြတင်းပေါက်က လိုက်ကာကိုဖြတ်လာတဲ့ လျှပ်စီးကဝင်းခနဲ

"အမယ်လေးဗျ"

နောက်ဆက်တွဲ ကျယ်လောင်လွန်းတဲ့မိုးခြိမ်းသံနဲအတူ ရိပေါ်အခန်းထဲမှ ခေါင်းအုံးပိုက်ကာ ပြေးထွက်လာခဲ့တယ်

ရှောင်းကျန့် စာရင်းတွေစစ်အပြီး အိပ်နေတုန်း မိုးခြိမ်းသံကြောင့် လန့်ကာ နိုးလာသည်။

"ကျယ်လိုက်တာ မိုးကြိုးများပစ်တာလား"

တဆက်တည်းတွေးမိတာက ချာတိတ်ရော အိပ်ပျော်ပါ့မလား အတွေးနဲ့အတူ ရှောင်းကျန့်ကုတင်ပေါ်က ထပြီး တံခါးနားသွားကာ ဖွင့်လိုက်တော့

"ဟင် ချာတိတ်"

သူ့အခန်းရှေ့မှာ ညအိပ်ဝတ်စုံလေးနဲ့ ခေါင်းအုံးပိုက်ကာ မတ်တပ်ရပ်နေသည့် ချာတိတ်

ကိုကိုသည်သာ ကျွန်တော့်ကမ္ဘာTempat cerita menjadi hidup. Temukan sekarang