အပိုင်း(15)

227 14 0
                                    


"မင်းနာမည် ဘယ်လိုခေါ်လဲ"

"လိုလို့လား"

"ဘာ"

"ခင်ဗျားလဲ ဘာထူးလဲ ဟက် ကျွန်တော်ကို အသုံးချဖို့ခေါ်လာတာပဲမဟုတ်လား"

ရူလန် ကျခါနီးမျက်ရည်တွေကိုထိန်းရင်းပြောလိုက်သည် သူကြောက်တယ် ဟုတ်တယ် သူကြောက်နေတယ် ကျွန်တော်ကံကိုကဆိုးလွန်းတယ် ကျွန်တော်ကသူများတွေလို ကျောင်းတက်ပြီး မားနဲ့ ညီမလေးနဲ့အေးအေးဆေးဆေးနေချင်ရုံပါပဲ ခု သူ့ဘဝ သူ့ရည်မှန်းချက်တွေ ပျက်စီးရတော့မယ်  ဒါပေမဲ့သူကယောကျားလေး သူ့လိုယောကျားတယောက်ရှေ့မှာ ကြောက်စိတ်ကို မထုတ်ပြနိုင်ဘူး

"ဟုတ်တယ် အသုံးချဖို့ ဒါပေနဲ့ မင်းတလွဲတွေးမနေပါနဲ့ ငါမင်းကို လက်ဖျားနဲ့ထိဖို့တောင် စိတ်ကူးမရှိဘူး"

"ဟင် ဒါဆို ခင်ဗျားက ဘာအတွက် ကျွန်တော့်ကို ခေါ်လာတာလဲ"

"မင်းသိရမှာပါ ခုတော့ မင်းနားတော့ ဒါနဲ့ ခု မင်းနာမည်ပြောပြလို့ရပြီလား"

"ရူလန်"

"ရူလန်"

"ဝမ်ရူလန် ကျွန်တော့်နာမည်"

"ကောင်းပြီ ငါ ဒီညအိမ်ပြန်လာမှာမဟုတ်ဘူး မင်းအဆင်ပြေသလိုနေလို့ရတယ် ငါသွားပြီ"

"နေဦး ဟို ခင်ဗျားနာမည်ကရော"

"ယွီပင်း"

ယွီပင်းပြောပြီး အိမ်ထဲကထွက်လာလိုက်သည်

ရူလန် ထိုအခါမှသက်ပြင်းချနိုင်တော့သည် ဒီလူသူ့ကိုဘာလို့‌ခေါ်လာမှန်းမသိပေမဲ့ အခုတော့ခဏစိတ်အေးနေရသည် လူသတ်ခိုင်းလဲလုပ်ရမှာပဲ ကိုယ်က သူ့အပိုင်ဖြစ်နေပြီပဲ မဟုတ်လား သူကိုခုချိန် ပိုက်ဆံပေးမယ်ဆို ဘာမဆို လုပ်မိမှာအမှန် ညီမလေး ညီမလေးနှလုံးခွဲစိတ်ဖို့အတွက် သူပိုက်ဆံလိုတယ် သူ့ရဲ့ပထွေးဆိုတဲ့လူကို ကြည့်မရပေမဲ့ အလုပ်ပေးမယ်ဆိုတော့ သူလိုက်သွားမိတယ် ဟိုရောက်တော့ သူ့ကိုရောင်းစားထားတာတဲ့လေ

"တောက် မိုက်ရိုင်းလိုက်တဲ့သူ ခင်ဗျားကိုကျွန်တော်လုံးဝမကျေနပ်ဘူး"

🎶🎶🎶

"ဟဲလို ဟွိုက်ဆန်း ငါ မင်းဆီကခေါ်လာတဲ့ကောင်လေးအကြောင်းသိချင်တယ် စုံစမ်းပေး"

ကိုကိုသည်သာ ကျွန်တော့်ကမ္ဘာWhere stories live. Discover now