"ဒေါက် ဒေါက် ဒေါက်""ဘယ်သူလဲလို့"
"..........."
"ပြန် ပြန်လဲမဖြေဘူး"
ရှောင်းကျန့်ပူထူသွားသည် နာရီကိုကြည့်လိုက်တော့လဲ12နာရီထိထိ မေးတော့လဲပြန်မဖြေ တံခါးခေါက်သံသာကြားရသည်။
"ချာ ချာတိတ်တို့အိမ်မှာသရဲရှိနေတာတော့မဟုတ်ပါဘူးနော်"
"ကျွီ"
"ဟာဒုက်ခပဲ ငါတံခါးlockမခမြိခဲ့ဘူး"
ရှောင်းကျန့်တယောက် တံခါးဖွင့်သံကြားတော့ စောင်ကိုခေါင်းထိဆွဲခြုံလိုက်ပြီးဘုရားစာသာရွတ်နေတော့သည်။
"မားရေ သားသရဲအခြောက်ခံနေရပြီထင်တယ် ဘုရားဘုရား ခြေ ခြေသံတွေကငါ့ ငါ့ဆီလာနေတာပဲ မားရေသားကိုမကယ်နိုင်တော့ဘူးလား"
ခြေသံတွေကရှောင်းကျန့်နားရောက်တော့ရုတ်တရတ်ရပ်သွားသည်။
"ဟင် စောင် စောင်ကို ဘယ်သူဆွဲနေတာလဲ
အီးဟီး မားရေ သားစောင်ကိုသရဲလုနေတယ်ဗျ ငါဘေးမှာဘာလို့လာအိပ်တာလဲ တခြားသွားအိပ်ပါလား"ရုတ်တရတ်ရှောင်းကျန့်ကိုယ်ကိုလက်တဖက်ကဆွဲဖက်လိုက်သလိုရှောင်းကျန့်ခံစားလိုက်ရသည် အသံတသံနဲ့အတူပေါ့😰
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
သိနေပြီလား မသိသေးရင်ဆက်ကြည့်*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*"မား သားကိုဖက်ထားပေးပါ သားကြောက်တယ်"
"သ သရဲ က ဟင် ဒီအသံငါကြားဖူးပါတယ်"
ရှောင်းကျန့် စောင်ကိုဖယ် မီးအိမ်လေးကိုဖွင့်ပြီး ကြည့်လိုက်တော့
"ဟင် ချာတိတ်"
ဟုတ်ပါတယ် သူ့ကိုယ်လေးကိုတင်းကျပ်စွာဖက်ပြီးအိပ်နေတဲ့ချာတိတ်လေး
"မား"
အိပ်သာအိပ်နေတာ ပါးစပ်ကမားကိုတမ်းတနေသည်
"ဒီကလေးယောင်နေတာလား"
"သား ညအိပ်ရင်သတိနဲ့အိပ်နော်"
"ဟုတ်မား သားသတိထားပါ့မယ် ခုတလော သားမယောင်တော့ပါဘူး"
"ဪ ဒီလိုကို ကလေးရယ် ဘာကိုကြောက်တာလဲ"
ESTÁS LEYENDO
ကိုကိုသည်သာ ကျွန်တော့်ကမ္ဘာ
Fanficအသည်းကွဲလာတဲ့ကောင်လေးနှစ်ယောက် အမှတ်မထင် ဆုံတွေ့မှုမှ အချစ်တွေပေါက်ဖွားလာတော့ သူတို့နှစ်ဦးရဲ့အဆုံးသတ်က ဘာဖြစ်မလဲ