ကိုကိုသည်သာကျွန်တော့်ကမ္ဘာ"တောက်!"
"ဟင် မောင်"
" မင်းလိုမိန်းမကိုငါမုန်းတယ် မင်းကိုငါသေလောက်အောင်မုန်းတယ်"
"မောင် မောင် ချစ်တောင်းပန်ပါတယ် မောင်အထင်လွဲတာပါ ချစ်ရှင်းပြပါရစေ"
"တော်စမ်း မင်းပါးစပ်ကငါ့ကို မောင်လို့ လာမခေါ်နဲ့ နားခါးလွန်းလို့ပါကွာ မင်းငါ့ရှေ့က ခုချက်ချင်းထွက်သွား"
"မောင် မောင်ရယ်ချစ်ပြောတာနားထောင်ပါဦးနော် မောင်"
"တောက်! တော်တော်ပြောရဆိုရခက်တဲ့မိန်းမပဲ မင်းပြောတာငါအားလုံးကြားပြီးပြီ
မင်းမထွက်သွားဘူးလား ရတယ် ငါထွက်သွားမယ် မင်းနဲ့ငါနဲ့ဇာတ်လမ်းဒီမှာပြီးပြီ""မောင် မောင်...ကြား..."
"ဟုတ်တယ် ငါကြားတယ်"
"မောင်..... မောင်"
ကျွန်တော်သူမရဲ့အသံတွေကိုလျစ်လျူရှုပြီးထိုနေရာမှထွက်လာလိုက်သည်။မုန်းသည် ကျွန်တော်သူမကိုအရမ်းမုန်းသည်။
"ကျွန်တော်ပေးဆပ်ချစ်ခဲ့သမျှကျွန်တော်ပြန်ရလိုက်တာ ဒီလိုသစ္စာဖောက်မှုတဲ့လား လောကကြီးရယ် မတရားလိုက်တာဗျာ ခင်ဗျားကတော့ကျွန့်တော့်ကို အရှုံးသမားတယောက်ဆိုပြီး ဟားတိုက်ရီနေမှာပေါ့ လုပ်ပါဗျာ လုပ်ပါ ခင်ဗျားစိတ်ကြိုက်ကျွန်တော့်ကိုဒုက္ခတွေပေးလိုက်စမ်းပါ"
ကျွန်တော်စိတ်ညစ်ညစ်နဲ့ပြောချင်ရာအော်ပြောနေမိသည်။ထိုအချိန်
"ဟိတ် လူကြီး"
အသံလာရာသို့လှည့်ကြည့်လိုက်တော့ကျွန်တော့ကိုလှမ်းခေါ်လိုက်တဲ့ကောင်လေးတယောက်။အသက်ကတော့18ဝန်းကျင်လောက်ဖြစ်မယ်ထင်သည်။
သူ့ရဲ့မျက်လုံးလေး သူရဲ့နှာတံစင်းစင်းလေး ပြီးတော့ဆေးမကူပဲနဲ့အနီရောင်သန်းနေတဲ့သူ့ရဲ့နှုတ်ခမ်းလေး အကုန်ခြုံပြီးပြောရမယ်ဆိုရင် သူအရမ်းလှတယ်
ယောင်္ကျားလေးတယောက်ကိုလှတယ်လို့ပြောတာသဘာဝမကျပေမဲ့ကျွန်တော့မျက်လုံးထဲမှာသူအရမ်းလှတယ်
KAMU SEDANG MEMBACA
ကိုကိုသည်သာ ကျွန်တော့်ကမ္ဘာ
Fiksi Penggemarအသည်းကွဲလာတဲ့ကောင်လေးနှစ်ယောက် အမှတ်မထင် ဆုံတွေ့မှုမှ အချစ်တွေပေါက်ဖွားလာတော့ သူတို့နှစ်ဦးရဲ့အဆုံးသတ်က ဘာဖြစ်မလဲ