အပိုင်း(2)

960 42 1
                                    


"ကျွန်တော်လဲမေ့ဖို့ကြိုးစားနေပါတယ်ဗျာ ခင်ဗျားကိုပြောလိုက်တော့စိတ်ထဲပေါ့သွားသလိုပဲ ဟီး ကျေးဇူးပဲဗျာ နားထောင်ပေးလို့"

ခုလိုကျတော့လဲကျွန်တော့ကိုဘောဆက်ဆက်နဲ့ရန်တွေ့နေတဲ့ကောင်လေးမဟုတ်တော့သလို ကျွန်တော်လဲခုနကစိတ်ညစ်စရာတွေကိုမေ့သွားသလို

ဘာကြောင့်မှန်းမသိ ခုမှသိတဲ့ကောင်လေးတယောက်ရဲ့အပြုံးက ကျွန်တော့ရင်ကိုနွေးထွေးသွားစေသလို

ဟက် ကျွန်တော့အတွေးတွေကဘယ်ရောက်နေမှန်ပြီလဲဗျာ

"ဒါနဲ့ခင်ဗျားရော ခင်ဗျားချစ်သူနဲ့ဘာဖြစ်တာလဲ"

ကျွန်တော်လဲချာတိတ်လေးစကားလာပြောမှအသိစိတ်ဝင်လာသည်။

"မင်းက သိချင်လို့လား ချာတိတ်"

"အင်း"

"သူကငါ့ကိုသစ္စာဖောက်သွားတာ သူကငါ့ကိုငွေကြောင့်တွဲခဲ့တာ ငါ့ထက်သာတဲ့သူတွေ့တော့ပါသွားတာပေါ့"

"ခင်ဗျားကြီးကသူ့ကိုတကယ်ချစ်တာပဲနော်"

"မင်းကဘယ်လိုသိလဲ"

"ခင်ဗျားခံစားနေရတာကိုကျွန်တော်မြင်ရတယ်ဗျ ဘဝတူမို့ပေါ့ဗျာ"

"ဟုတ်ပါပြီကွာ"

"ဒီမှာ"

သူကျွန်တောာ့်ကိုသေချာကြည့်ပြီးပြောလာတဲ့စကားက

"ခင်ဗျားကြီးချစ်သူကြောင့်ခင်ဗျားကြီးမခံစားသင့်ဘူးဗျာ သူထက်သာတဲ့မိန်းကလေး‌‌တွေရှိပါသေးတယ်ဗျ"

"တော်ပါပြီကွာတခါခံစားဖူးရင်လုံလောက်ပါပြီ"

"ခင်ဗျားကအချစ်ကိုကြောက်နေတာလား အချစ်ဆိုတာကြောက်စရာမဟုတ်ဘူးဗျ ခင်ဗျားတကယ်အချစ်စစ်ကိုခံစားရရင်ခင်ဗျားသိလာမှာပါ"

"ဟုတ်ပါပြီ ချာတိတ်ရာ ဒါနဲ့မိုးချုပ်နေပြီ မင်းမပြန်သေးဘူးလား"

"ပြန်တော့မှာပါ"

"က်ိုယ်လိုက်ပို့ပေးမယ်လေ"

"ဘယ်လိုလိုက်ပို့မှာလဲ"

"ကိုယ့်ကား......အာ......ကားကျန်ခဲ့တယ်"

ကိုကိုသည်သာ ကျွန်တော့်ကမ္ဘာDonde viven las historias. Descúbrelo ahora