ယွီပင်း သူ့ရှေ့မှအတွေးလွန်နေတဲ့ကောင်လေးအား ဖိုင်တွဲတခုကို ပစ်ပေးလိုက်သည်"ဒါက....."
"မင်းလုပ်ရမဲ့အလုပ်ပဲ ဖိုင်ထဲမှာရေးထားတာတွေ သေချာဖတ်ထား သူနဲ့ကငယ်ငယ်တည်းကဝေးကွာသွားတာမို့ အပြုအမူကတော့ သိပ်ပြောင်းလဲစရာမလိုလောက်ဘူး"
"အစ်ကို ကျွန်တော် တကယ် သူ့အယောင်ဆောင်ရမှာလား"
"ဘာလို့လဲ မလုပ်နိုင်ဘူးလား"
"မဟုတ်ပါဘူး သူက ကလေးလေးလေ"
ရူလန် ဖိုင်ထဲက သုံးနှစ်အရွယ် ကလေးလေးကို လက်ညိုးထိုးပြလိုက်တော့
"သူက ခုမင်းနဲ့ရွယ်တူလောက်ပဲ သူကငယ်ငယ်တည်းက နိုင်ငံခြားမှာနေခဲ့တာ ဝမ်groupရဲ့သားကို ဘယ်သူကမှမမြင်ဖူးဘူး သူ့နာမည်ရင်းကိုလဲ သိတဲ့သူရှားတယ်"
"အဲ့လောက်တောင်လား သူကို အစ်ကိုရော မြင်ဖူးလား"
"မမြင်ဖူးဘူး ဒီနိုင်ငံမှာလဲ Leoကိုသိတဲ့သူ ရှာတယ် ဒါကြောင့် မင်းကို ဒီအလုပ်လုပ်ခိုင်းတာပေါ့"
"ကျွန်တော်နားမလည်ဘူး ဒီလိုအလုပ်မျိုးက ပိရိဖို့လိုတယ်လေ ကျွန်တော့်ထက်ပိုတော်တဲ့သူတွေရှိတာပဲ ဘာလို့ ကျွန်တော်မှလဲ"
"အဲ့ဒါကတော့ မင်းအချိန်တန်ရင် သိလာလိမ့်မယ် မင်းနဲ့မဆိုင်တာတွေတွေးမနေနဲ့ မင်းက Leoအကြောင်းတွေသေချာလေ့လာပြီး ဒီလူဆီသွားရမှာ"
ထပ်ပြီးပြတဲ့ပုံထဲမှာက အနောက်တိုင်းဝတ်စုံဝတ်ထားပြီး ရုပ်ရည်ချောမောတဲ့ လူတဦး
"သူနားမှာရှိတဲ့ ဒီကောင်လေးကို ဖယ်ထုတ်အောင် မင်းလုပ်ရမှာ အဲ့ဒါမင်းတာဝန်ပဲ"
ရူလန် ယွီပင်းပေးတဲ့ ဓာတ်ပုံကို ယူကြည့်လိုက်တော့ ကျောင်းသားဝတ်စုံနဲ့ကောင်လေးတယောက် သူနဲ့ဆို ရွယ်တူလောက်ထင်တယ်
"Leoက သူ့ဘဝအတွက်အရေးအကြီးဆုံးလူပဲ Leoသာ ပြန်ရောက်လာရင် တခြားသူတွေကို သူမေ့သွားမှာ ဟုတ်တယ် ဝမ်ရူလန် မင်းဒါကို မဖြစ်ဖြစ်အောင်လုပ်ရမယ် မင်းဘယ်လိုလုပ်မလဲ ငါဂရုမစိုက်ဘူး ယုန်လေးနားက အဲ့ကောင်လေး ထွက်သွားဖို့ပဲလိုတယ်"
VOCÊ ESTÁ LENDO
ကိုကိုသည်သာ ကျွန်တော့်ကမ္ဘာ
Fanficအသည်းကွဲလာတဲ့ကောင်လေးနှစ်ယောက် အမှတ်မထင် ဆုံတွေ့မှုမှ အချစ်တွေပေါက်ဖွားလာတော့ သူတို့နှစ်ဦးရဲ့အဆုံးသတ်က ဘာဖြစ်မလဲ