ရိပေါ် ဒီလူကြီးကိုတကယ်မကျေနပ်ပါ လူကိုရင်ခုန်အောင်လုပ်တုန်းက လုပ်ပြီး ခုကျတော့ သူမဟုတ်တဲ့အတိုင်းပဲ တည်ငြိမ်နေလိုက်တာ မုန်းစရာကြီး မုန်းစရာကြီး မုန်းစရာကြီး
"ချာတိတ် ရောက်ပြီလေ"
"ဟင်"
ကျစ် အဲ့ဒါလူကြီးကြောင့် သူ့အကြောင့်စဉ်းစားနေတာနဲ့ အိမ်တောင်ရောက်မှန်းမသိလိုက်ဘူး
"ဟုတ်တယ် လူကြီးကြောင့်"
"ဟင် ဘာပြောတာလဲ ချာတိတ်"
အတွေးကလွန်ပြီး ပါးစပ်ကပါ ပြောထွက်မိသွားတာမို့ ရိပေါ် ပါးစပ်ကို ပိတ်လိုက်ပြီး ခေါင်းသာ ခါပြလိုက်သည်။
"ဟင် ဘာ ဘာမှမပြောပါဘူး"
"ချာတိတ် ဘာမှမစားရသေးဘူးမဟုတ်လား"
"အွန်း"
"ကိုယ်လဲမစားရသေးဘူး အိမ်မှာရှိတာနဲ့ တခုခုလုပ်စားကြတာပေါ့"
"လူကြီးက လုပ်တက်လို့လား"
လူကြီးလို companyပိုင်ရှင် သူဌေးတယောက်က ဒီလိုမျိုးတွေ လုပ်တက်တယ်တဲ့လား
"နည်းနည်းပေါ့ ချာတိတ် ဝိုင်းကူမယ်မဟုတ်လား"
"မကူပါဘူး"
"ကိုယ်တယောက်တည်း လုပ်ရင် ကြာနေမှာပေါ့ ချာတိတ်ပါ ဝိုင်းလုပ်တော့ မြန်မြန်ပြီးတာပေါ့ မဟုတ်ဘူးလား"
"ကျွန်တော်က ဘာမှလုပ်တက်တာမဟုတ်ဘူးနော်"
"ကိုယ်သင်ပေးမှာပေါ့"
"ဟုတ်ပါပြီ အင်္ကျီလဲပြီးရင် လာခဲ့မယ်"
"လိမ္မာလိုက်တာ ချာတိတ်က"
ချာတိတ် ခေါင်းလေးကိုဖွရင်းပြောလိုက်သည်။
ရိပေါ်က ရှောင်းကျန့်ကို စိုက်ကြည့်နေတာမို့ ရှောင်းကျန့် လက်ကိုဖယ်လိုက်ပြီး
"မကြိုက်ဘူးလား sorryပါ ကိုယ်ငယ်ငယ်တုန်းက ကိုယ့်နဲ့ရင်းနှီးတဲ့ကလေးတယောက်ဆို ဒီလိုလုပ်ပေးရင် သိပ်သဘောကျတာ ချာတိတ် မကြိုက်ရင်..."
"သူကဘယ်သူလဲ"
"ဟင် သူက သူက ကိုယ်အရမ်းချစ်ရတဲ့ညီလေးပေါ့"
VOCÊ ESTÁ LENDO
ကိုကိုသည်သာ ကျွန်တော့်ကမ္ဘာ
Fanficအသည်းကွဲလာတဲ့ကောင်လေးနှစ်ယောက် အမှတ်မထင် ဆုံတွေ့မှုမှ အချစ်တွေပေါက်ဖွားလာတော့ သူတို့နှစ်ဦးရဲ့အဆုံးသတ်က ဘာဖြစ်မလဲ