Companyရောက်တော့
"အစ်ကိုလေး"
"ပြောလေ အစ်ကို"
"ညနေ အစ်ကိုအလုပ်ကိစ္စနဲ့အပြင်သွားရမယ် အစ်ကို ညနေ ရုံးဆင်းချိန်အမှီပြန်လာခဲ့မယ် အစ်ကိုလေးစောင့်နေနော်"
"အစ်ကို လုပ်စရာရှိတာ ပြီးအောင်လုပ်ပါ ကျွန်တော့်အတွက် စိတ်မပူပါနဲ့ ကျွန်တော့်ဘာသာပြန်လဲ ရပါတယ်"
"မရဘူး အစ်ကိုလေး ကျွန်တော်နဲ့အတူ ပြန်ရမယ်"
"ဟုတ်ပါပြီ ဟုတ်ပါပြီ အစ်ကို့ကို အရှုံးပေးပါတယ်"
ကိုယ့်ကိုမင်းအရှုံးပေးစရာ မလိုပါဘူး ယုန်လေး ကိုယ်ကမင်းနဲ့ပတ်သတ်ရင် အရာရာအရှုံးပေးပြီးသားပါ ဒီကိစ္စကလွဲရင်ပေါ့
"အစ်ကို အစ်ကို"
"ဟင်"
"ဘာတွေတွေးနေတာလဲ အစ်ကိုရဲ့"
"ဘာမှမဟုတ်ပါဘူး အစ်ကိုလေး နေ့လည်ကျရင် နိုင်ငံခြားကလုပ်ငန်းရှင်တဦးနဲ့ချိန်းဆိုထားပါတယ် သူက ကျွန်တော်တို့companyနဲ့အကျိုးတူပူးပေါင်းဖို့အတွက် လာရောက်ကမ်းလှမ်းထားပါတယ်"
"အစ်ကိုသွားကြိုရမှာပေါ့ ကျွန်တော်ပါလိုက်ခဲ့ရမလား"
"ရပါတယ် အစ်ကိုလေး ကျွန်တော်ဒီကိုခေါ်လာခဲ့ပါမယ်"
"အစ်ကိုသိလား သူကနိုင်ငံခြားကနေတကူးတက ကျွန်တော်တို့companyနဲ့ပူးပေါင်းချင်ရတာလဲ ကျွန်တော်နားမလည်ဘူး"
"ဒါကတော့ အစ်ကိုလေးအရည်အချင်းကြောင့်ပဲလေ"
"အစ်ကိုကလဲအချင်းချင်းကို မြှောက်နေပြန်ပြီ ဘာပဲဖြစ်ဖြစ်ပါ ဧည့်သည်ကိုကြိုဆိုရမှာပေါ့ သူရောက်လာရင် အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးလိုက်ပါ"
"ဟုတ်ကဲ့ပါ အစ်ကိုလေး"
ယွီပင်းနေ့လည်ရောက်တော့ ဧည့်သည်ကိုကြိုဖို့ လေယာဉ်ကွင်းကိုရောက်လာခဲ့တယ် ခဏအကြာ ဘေးနားမှာ bodyguard 3 ယောက်နဲ့အတူ သူဆီ လျှောက်လာနေတဲ့ အမျိုးသမီးတဦး maskတပ်ထားတာမို့ ဘယ်သူဘယ်ဝါမှန်းမသိ အနီရောင်ကြိုးတလုံးဂါဝန်အတိုလေးကို ဝတ်ဆင်ထားတဲ့သူမပုံစံကို ကြည့်ပြီး
VOCÊ ESTÁ LENDO
ကိုကိုသည်သာ ကျွန်တော့်ကမ္ဘာ
Fanficအသည်းကွဲလာတဲ့ကောင်လေးနှစ်ယောက် အမှတ်မထင် ဆုံတွေ့မှုမှ အချစ်တွေပေါက်ဖွားလာတော့ သူတို့နှစ်ဦးရဲ့အဆုံးသတ်က ဘာဖြစ်မလဲ