"ဗျာ ဆေး ဆေးထိုးရမယ် ဟင့်အင်း လူကြီးကျွန်တော်ဆေးမထိုးချင်ဘူး"
"ချာတိတ် မဆိုးရဘူးလေ"
"ဟင့်အင်းမထိုးဘူး သူတို့ကမညှာမတာအပ်ကြီးနဲ့ထိုးမှာဗျ"
ရှောင်းကျန့်မှာငိုရခက် ရီရခက် ချာတိတ်လေးအကြောက်အကန်နဲ့ပြောနေတဲ့အပ်ကတစ်ထွာသာသာလောက်သာ
"ချာတိတ် မထိုးလို့မရဘူးလေ မနာပါဘူး ဘေးမှာကိုယ်ရှိတယ်လေ အပ်ကသေးသေးလေးပါ မနာပါဘူး"
"မနာတာ သေချာလား"
"အင်း သေချာတယ်"
"လူကြီး လူကြီးလက်ပေး"
ကျွန်တော့်လက်ကိုအတင်းဆုပ်ကိုင်ထားတဲ့ချာတိတ်လေး တကယ့်ကလေးလေးပါဗျာ
"ဟိုဘက်လှည့်"
"ဟင် လက် လက်ကိုမထိုးဘူးလား"
"ချာတိတ် ဆရာပြောသလိုလုပ်လေနော် လိမ္မာတယ်"
"ဟိတ် ဟိုနှစ်ယောက်ကအတွဲတွေလားမသိဘူးနော်"
"အေးဟယ် ဖြစ်နိုင်တယ် ရိုလိုက်ကြတာဟယ် ငါတော့ကုတင်ပေါ်ကကောင်လေးကိုအသေကြွေ"
"ဟဲ့ကောင်မ သူဘဲကြားလို့ဆရာလက်ထဲကအပ်နဲ့ သူ့ကလေးကိုမဟုတ်ဘူး နင့်ကိုလာထိုးနေဦးမယ် သတိထား"
"ငါကတော့လေ ငါနေမကောင်းရင်အဲ့လိုဂရုစိုက်မဲ့ကိုကိုတယောက်လောက်လိုချင်လိုက်တာဟယ်"
"ဟဲ အဲ့ကိုကိုကseme typeထင်တယ်နော် uke လေးအရမ်းကံကောင်းတာပဲ"
"Semeလေးကukeလေးကိုသိပ်ဂရုစိုက်တာပဲ အားကျလိုက်တာဟယ် ငါတော့နှာခေါင်းသွေ့လျှံပြီ"
"ဟဲ့နင်ကအဲ့လိုချွဲတက်လို့လား နင်ပုံမျိုးနဲ့ရပါလိမ့်မယ်"
ဆေးခန်းအပြင်ကနေလိုက်ကာလေးကိုအသာဖွင့်ပြီးဘုမသိဘမသိshipနေကြတဲ့nurseတစု
သူတို့ပြောနေတာကတိုးတိုးတိတ်တိတ်လဲမဟုတ် ရှောင်းကျန့်ရိပေါ်ကိုကြည့်လိုက်တော့ချာတိတ်လေးက အောက်ငုံပြီးကုတင်ကိုသာသဲကြီးမဲကြီးကြည့်နေသည်။
"အပြင်ကnurseတွေ လုပ်စရာမရှိကြဘူးလား"
"ရှိ ရှိပါတယ်ဆရာ"
YOU ARE READING
ကိုကိုသည်သာ ကျွန်တော့်ကမ္ဘာ
Fanfictionအသည်းကွဲလာတဲ့ကောင်လေးနှစ်ယောက် အမှတ်မထင် ဆုံတွေ့မှုမှ အချစ်တွေပေါက်ဖွားလာတော့ သူတို့နှစ်ဦးရဲ့အဆုံးသတ်က ဘာဖြစ်မလဲ