"အဖွဲ့မှူး ရုံးမဆင်းသေးဘူးလား"ရှောင်းကျန့် နာရီကြည့်လိုက်တော့
"အာ ဟုတ်သား 7နာရီတောင်ထိုးနေပြီပဲ အလုပ်တွေရှုပ်နေတာနဲ့ မေ့နေတာအကုန်လုံးကိုရုံးဆင်းခိုင်းလိုက်တော့နော်"
"ဟုတ်ကဲ့ပါ အဖွဲ့မှူး"
ရှောင်းကျန့် ထိုင်ရာမှထကာ အကြောဆန့်လိုက်သည်
"အစ်ကိုလေး"
တံခါးကို အလောတကြီးဖွင့်ပြီးဝင်လာတဲ့ ယွီပင်း ရှောင်းကျန့်ကိုတွေ့မှစိတ်အေးသွားသလို
"ဟူး တော်ပါသေးရဲ့"
"အစ်ကို ဘာဖြစ်လို့လဲဟင် တခုခုဖြစ်လာတာလား"
ယွီပင်းမပြောနိုင်သေးဘဲ ရှောင်းကျန့်စားပွဲပေါ်က ရေတခွက်လုံးကို တခါတည်းသောက်လိုက်သည်
"ခုမှပဲ အမောပြေတော့တယ်"
"အစ်ကို ကျွန်တော်မေးတာပြောဦးလေ ဘာလို့ဒီလောက်မောနေတာလဲ"
"အစ်ကိုနောက်ကျနေတာဆိုတော့ အစ်ကိုလေးများမစောင့်ဘဲ ပြန်သွားမလားလို့ စိုးရိမ်နေတာ ဒီကြားထဲ ဓာတ်လှေကားကကြာနေတာနဲ့ လှေကားကတက်လာခဲ့တာ ဟူး"
"ဪ အစ်ကိုရယ် ကျွန်တော်စောင့်မယ် လို့ပြောထားတယ်လေ"
"ကဲ ခုရုံးဆင်းမှာမဟုတ်လား ဒီည အစ်ကိုနဲ့ညစာအတူစားရအောင်နော်"
"ဟုတ် အာ အစ်ကို အိမ်မှာချာတိတ်တယောက်တည်းလေ အိမ်ပဲပြန်ရအောင်နော်"
"ဒါပေမဲ့ အစ်ကိုစီစဉ်ပြီး........"
"လာပါ အစ်ကိုရယ် ကျွန်တော်တို့ နောက်ကျနေလို့ ချာတိတ်တယောက်တည်းကြောက်နေပါဦးမယ် ညစာကတော့ အိမ်မှာပဲစားရအောင်နော်"
"ကောင်းပါပြီ"
အိမ်ပြန်ရမှာတက်ကြွနေတဲ့ ယုန်လေးကို ကြည့်ရင်း ယွီပင်း ရင်ဘတ်ထဲက နာကျင်လာသည် အရင်ကဆို ယုန်လေးက သူဘယ်ခေါ်ခေါ် ငြင်းခဲ့ဖူးတာမဟုတ်ဘူး ခုငြင်းရတာကလဲ ဟိုကောင်လေးကြောင့်တဲ့လား
ယုန်လေးက ဟိုကောင်လေးအပေါ် ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူးမဟုတ်လားဟင် ယုန်လေး ကျွန်တော်ထင်သလိုမဟုတ်ဘူး မဟုတ်လား ဟင့်အင်း မဖြစ်ရဘူး အဲ့လို မဖြစ်ရဘူး
YOU ARE READING
ကိုကိုသည်သာ ကျွန်တော့်ကမ္ဘာ
Fanfictionအသည်းကွဲလာတဲ့ကောင်လေးနှစ်ယောက် အမှတ်မထင် ဆုံတွေ့မှုမှ အချစ်တွေပေါက်ဖွားလာတော့ သူတို့နှစ်ဦးရဲ့အဆုံးသတ်က ဘာဖြစ်မလဲ