အပိုင်း(10)

361 18 0
                                    


စစ်ကျွေးကိုခေါ်ပြီး canteenဘက်ကို ထွက်လာခဲ့လိုက်သည်။

"ညီလေး"

ဒီအသံကို စစ်ကျွေး လှည့်မကြည့်လဲ သိနေသည်။သူရဲ့ချစ်လှစွာသော အကိုကြီး ကျန်းချန်

"ကိုကြီးကို မစောင့်ဘဲ ဘယ်တွေသွား‌နေတာလဲ"

ကျန်းချန် စစ်ကျွေးဘေးနားက ရိပေါ်ကို ကြည့်ကာ

"ဝါး ညီလေး မင်းဘေးနားက လူလားနတ်သားလေးလားကွာ သူလေးနဲ့ အစ်ကို့ကို မိတ်ဆက်ပေးဦးလေ"

"အဟမ်း အစ်ကို ဒါ ကျွန်တော့်သူငယ်ချင်း ဝမ်ရိပေါ်"

ကျန်းချန် ရိပေါ်နားသွားကာ

"ရိပေါ်လေး ကိုကြီးနာမည်လဲ မှတ်ထားနော် ကိုကြီးနာမည်က ကျန်းချန်တဲ့ ရိပေါ်လေး ဘာအကူအညီလိုလို ကိုကြီးကိုပြော ကိုကြီးကူညီမယ်"

ရိပေါ် သူ့နားအရမ်းကပ်နေတဲ့ ကျန်းချန်ကြာင့် နောက်ဆုတ်ရင်း

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် စစ်ကျွေး ငါပြန်တော့မယ် ကျောင်းတက်မှတွေ့ကြတာပေါ့"

"နေပါဦး ရိပေါ်လေးရဲ့ ခုcanteenလာတာ မုနန့်စားမလို့မဟုတ်ဘူးလား လာ ကိုကြီးဝယ်ကျွေးမယ်"

"ကျွန်‌တော့်ကိုရော အစ်ကို"

"ကိုယ့်ဘာသာဝယ်စားလေ မားကမုန့်ဖိုးတူတူပေးလိုက်တာပဲကို"

"ဪ အင်းပါ အစ်ကို့ကို အဲ့ဒါတွေချစ်နေရတာ သိလား"

"မင်းချစ်တာ မလိုချင်ပါဘူး သွားစမ်းပါ လာ ရိပေါ်လေး သွားရအောင်"

"စစ်ကျွေး ဒီကိုလာ"

ရရိပေါ် စစ်ကျွေးကို အတင်းဆွဲခေါ်ကာ သူနဲ့ကျန်းချန်နဲ့ ကြားထဲဝင်ခိုင်းလိုက်သည်။

"ဟျောင့် ငါကြားထဲမှာမနေချင်ဘူးကွာ"

"ငြိမ်ငြိမ်နေ ငါခုနမင်းကိုကူညညီထားတယ်လေ ခု ငါ့ပြန်ကူညီ"

"မင်းက ငါ့အစ်ကိုကို ကြောက်နေတာလား ဟားဟား"

"ကြောက်တယ်ရယ်လို့လဲ မဟုတ်ပါဘူး"

"ရိပေါ်လေး သွားရအောင်လေ"

ဘယ်တုန်းက သူ့ဘေးနား‌ရောက်နေလဲမသိတဲ့ ကျန်းချန်က ရိပေါ်လက်ကိုဆွဲကာ ခေါ်သွားသည်။

ကိုကိုသည်သာ ကျွန်တော့်ကမ္ဘာOpowieści tętniące życiem. Odkryj je teraz