ရှောင်းကျန့်လဲတွေ့ဆုံပွဲပြီးတာနဲ့အိမ်တန်းပြန်လာခဲ့လိုက်သည်။"သား ပြန်လာပြီလား"
"ဟုတ်မား"
"သား ရေချိုးပြီးရင်ပြန်ဆင်းလာခဲ့ မားထမင်းပွဲပြင်ထားမယ်နော်"
"ဟုတ် မား"
ထမင်းဝိုင်းရောက်တော့
"ပါး သားပါးကိုပြောစရာရှိတယ်"
"ပြောလေသားရဲ့"
"သား ကလေးတယောက်ကို ထောက်ပံ့ကြေးပေးချင်လို့ပါ သားသူဘဝလေးကို သနားလို့ပါ ပါး"
"သားရယ် ဒီကိစ္စပါးကိုပြောစရာလား သားကောင်းတာလုပ်တာပဲ ပါးခွင့်ပြုပါတယ်"
"ပြီးတော့ နောက်တစ်ခု....."
"ဘာလဲသားရဲ့"
"မား အိမ်နဲ့companyနဲ့ကဝေးတယ်လေ အဲ့တော့ကျွန်တော်companyသွားရတာနည်းနည်းအခက်အခဲဖြစ်တယ်မားရဲ့အဲ့တော့ သားဝယ်ထားတဲ့တိုက်ခန်းလေးမှာသားသွားနေလို့ရမလားလို့ အဲ့ဒါ..."
"သားကလဲကွယ် အရင်ကဒီလိုပဲသွားနေရတာပဲလေ သားအဆင်မပြေရင်ယွီပင်းကိုပို့ကြိုခိုင်းမယ်လေ"
"အာ မားကလဲ အစ်ကို့ကိုဒုက္ခမပေးပါနဲ့ ပြီးတော့companyကိုအစောကြီးထသွားနေရတာမားရဲ့ သားပင်ပန်းတယ် သားကိုခွင့်ပြုပါမားရယ် သားရုံးပိတ်တိုင်းပြန်လာမယ်လေ နော် မားနော်"
"သားရယ် မားကသားနဲ့ခွဲမနေချင်လို့ပါ သားအလုပ်ပိတ်တာနဲ့အမြဲပြန်လာရမယ်နော်"
"ဟုတ်ကဲ့ မား မားကိုချစ်လိုက်တာ"
"စား စား"
ရှောင်းကျန့်ပြုံးလိုက်သည်။နောက်ဆုံးတော့သူ့အကြံအောင်မြင်တော့မယ်လေ
သူ ချာတိတ်ကိုပြောရမယ် ဘယ်လိုပြောရမလဲ ဖုန်း ဖုန်းဆက်... အာ ချာတိတ်ဖုန်းနံပါတ်တောင်းဖို့မေ့ခဲ့တယ် ဟာကွာ မနက်ဖြန်မှပဲပြောရမှာပေါ့
* * *
"သားလေးရယ် ပြန်တော့မလို့လား တရက်လောက်နေပါဦးလား"
"မားရယ် သားလဲနေချင်ပါတယ် ဒါပေမဲ့သားကျောင်းတက်ဖို့ကိစ္စလူကြီးနဲ့တိုင်ပင်ရဦးမယ်"
YOU ARE READING
ကိုကိုသည်သာ ကျွန်တော့်ကမ္ဘာ
Fanfictionအသည်းကွဲလာတဲ့ကောင်လေးနှစ်ယောက် အမှတ်မထင် ဆုံတွေ့မှုမှ အချစ်တွေပေါက်ဖွားလာတော့ သူတို့နှစ်ဦးရဲ့အဆုံးသတ်က ဘာဖြစ်မလဲ