ယွီပင်း သူဌေးကတော်ဆီက အပြန် companyသို့သွားရန်ပြန်လိုက်သည်"ကျစ် ဟိုကောင်လေး"
မနေ့ညကတော့ စိတ်ချပြီး ထားခဲ့ပေမဲ့ ထွက်မပြေးဘူးလို့မပြောနိုင်ဘူး ယွီပင်း ကားကိုအမြန်ဆုံးမောင်းပြီး အိမ်ပြန်လာခဲ့သည်
အခန်းတံခါးကိုဆွဲဖွင့်လိုက်တော့ အခန်းဝမှာဖိနပ်လေးတရံ ယွီပင်းတချက်ပြုံးလိုက်သည်
ဘယ်ဆိုးလို့လဲ
သူဖိနပ်ချွတ်ကာအခန်းထဲဝင်လာတော့ ကုတင်ပေါ်မှာကားယားလေးအိပ်နေတဲ့ကောင်လေး
"အဟမ်း ထတော့"
ယွီပင်း ထိုကောင်လေးကို လှုပ်နှိုးလိုက်တော့ အိပ်ချင်မူးတူးနဲ့နိုးလာသည် မပွင့်သေးတဲ့ မျက်လုံးကို ပွက်ကာ သူ့ကို ကြည့်နေသည် မျက်လုံးတွေကနီရဲနေသယောင် ဒီကောင်လေးငိုထားတာလား
ဟက် သူ့ရှေ့မှာကျ မကြောက်တက်သလိုနဲ့
ရူလန် သူ့ရှေ့က လူကြီးကိုကြည့်ပြီး လန့်သွားသည် သူဘယ်ကိုရောက်နေတာလဲ နောက်တော့မှ မှတ်မိသွားပြီး
"ယွီပင်း"
"ငါမင်းထက်ကြီးတယ် ကောင်လေး"
"အဲ့တော့ အစ်ကိုလို့ခေါ်ရမှာလား"
"မင်း မျက်နှာသစ်ပြီးဆင်းခဲ့"
ယွီပင်းပြောကာ အခန်းထဲမှ ထွက်သွားပြီး ဧည့်ခန်းမှာစောင့်နေသည် ထိုကောင်လေး ဆင်းလာတော့
"ရော့"
သူ့ရှေ့က စားပွဲပေါ်ကို cardတကဒ် ပစ်ပေးလိုက်သည်
"ဒါက...."
"နှလုံးအလှူရှင်တွေ့ပြီ စစ်ဆေးသင့်တာတွေစစ်ဆေးပြီး 2ရက်လောက်နေရင် မင်းညီမကို ခွဲစိတ်ကြလိမ့်မယ် ဒီနေ့ မင်းသွားလိုက်ပေါ့ အဲ့cardနဲဆေးရုံစရိတ်ရှင်းလိုက်"
ရူလန် ယွီပင်းကို ဘာမှပြန်မပြောနိုင်ဘဲ အံ့ဩနေမိသည် ရူလန် မျက်ရည်တွေစီးကျလာကာ
"ဒါ ဒါဆို ညီမလေး ညီမလေး အသက်ရှင်ပြီပေါ့နော် ကျေးဇူးတင်ပါတယ် အစ်ကို ကျေးဇူးတင်ပါတယ် အစ်ကိုကျေးဇူးကို ဘယ်လိုဆက်ရတော့မလဲမသိတော့ပါဘူး အစ်ကို ကျွန်တော့်ကို ကြိုက်တာခိုင်းပါ အစ်ကို ဘာခိုင်းခိုင်း ကျွန်တော််လုပ်မယ်
CZYTASZ
ကိုကိုသည်သာ ကျွန်တော့်ကမ္ဘာ
Fanfictionအသည်းကွဲလာတဲ့ကောင်လေးနှစ်ယောက် အမှတ်မထင် ဆုံတွေ့မှုမှ အချစ်တွေပေါက်ဖွားလာတော့ သူတို့နှစ်ဦးရဲ့အဆုံးသတ်က ဘာဖြစ်မလဲ