ကျွန်တော်ချာတိတ်တို့အိမ်ကိုလိုက်လာခဲ့တယ်
"ဒီကသားနာမည်က...."
"ရှောင်းကျန့်ပါ အန်တီ"
"မား သားဗိုက်ဆာတယ် သားညနေတည်းကဘာမှမစားရသေးဘူး"
"အေး သားလေး မား ပြင်ပေးမယ်နော်"
"အွန်း ခွံ့ကျွေး"
"ရိပေါ်လေး သားကိုယ်သားကလေးများထင်နေလား"
"အင်း သားက ကလေးပဲ"
ကျွန်တော်ရှိမှန်းတောင်မေ့နေပုံရသည်။မားကိုချွဲနေတဲ့ပုံက3နှစ်သားကလေးလေးလို
"သား ရှောင်းကျန့်အတွက်...."
"ရပါတယ်အန်တီ အပင်ပန်းမခံပါနဲ့ကျွန်တော်စားပြီးပါပြီ"
"လူကြီး"
"ပြောလေ ချာတိတ်"
"ဒီလိုမျိုးအခန်းကျဥ်းလေးမှာမှာလူကြီးအိပ်တက်ပါ့မလား လူကြီးပုံစံကြည့်ရတာချမ်းသာပုံပဲ"
"ချမ်းသာတာနဲ့ပဲ ဒီလိုမအိပ်တက်ရတော့ဘူးလား"
"အဲ့လိုလဲမဟုတ်ပါဘူး"
"သား ထမင်းလာစားတော့"
"ဟုတ်"
"သား ညအိပ်ရင်သတိနဲ့အိပ်နော်"
"ဟုတ် သားသတိထားပါ့မယ်မား ခုတလောသားမယောင်တော့ပါဘူး"
"အင်းပါ"
"ချာတိတ် မင်းကယောင်တက်တာလား"
"အင်း"
"ဘယ်လိုလဲ"
"မပြောပြဘူး"
ကျွန်တော့်ကိုလျှာလေးထုတ်ပြပြီးသူထမင်းစားပွဲကိုထော့နဲ့ထော့နဲ့ လျှောက်သွားလိုက်သည်။ထမင်းပလုတ်ပလောင်းစားနေပုံလေးကအသဲယားစရာ ချာတိတ် မင်းကိုယ့်ကိုနှိပ်စက်လွန်းတယ်ကွာ မင်းကချစ်စရာကောင်းလွန်းနေတယ် စိတ်တောင်မချတော့ဘူး
"ဟိုလူကြီး သူများထမင်းစားနေတာကိုစိုက်ကြည့်နေတာ ရိုင်းတယ်နော် သူများစားတာကိုမျှော်နေတာလား စားချင်လို့လား"
"အင်း စားချင်လို့"
ကျွန်တော်သူနားထသွားလိုက်ပြီးထမင်းစားပွဲမှာထိုင်လိုက်သည်။
ESTÁS LEYENDO
ကိုကိုသည်သာ ကျွန်တော့်ကမ္ဘာ
Fanficအသည်းကွဲလာတဲ့ကောင်လေးနှစ်ယောက် အမှတ်မထင် ဆုံတွေ့မှုမှ အချစ်တွေပေါက်ဖွားလာတော့ သူတို့နှစ်ဦးရဲ့အဆုံးသတ်က ဘာဖြစ်မလဲ