ကိုကိုသည်သာ ကျွန်တော့်ကမ္ဘာ
အပိုင်း(6)
ရှောင်းကျန့်အိမ်ရောက်တော့
"မား ပါး အလုပ်သွားပြီလား"
"အင်းသွားပြီသားရဲ့ ဘာဖြစ်လို့လဲ"
"သား ပါးနဲ့မားကိုပြောစရာရှိလို့"
"ပြောလေသားရဲ့"
"ညကျမှသေသေချာချာပြောပြတော့မယ် မား သားcompanyသွားဖို့ပြင်လိုက်ဦးမယ်"
"သား ပါးကcompanyမလာနဲ့တော့တဲ့ နေ့လည်ကျရင်လုပ်ငန်းရှင်တွေ့ဆုံပွဲရှိတယ် မဟုတ်လား အဲ့ကိုပဲသွားလိုက်တော့တဲ့"
"ဟုတ် မား သားခဏနားလိုက်ဦးမယ်နော်"
ရှောင်းကျန့်အခန်းထဲဝင်လာခဲ့လိုက်သည်။ရေချိုးပြီးအဝတ်ဘီဒိုကိုဆွဲဖွင့်လိုက်သည်။ရှပ်အကျီအဖြူရောင်လေးကိုဆွဲထုတ်လိုက်တော့အကျီလေးနဲ့အတူဓာတ်ပုံalbumလေးတခု
Albumလေးထဲမှာရှောင်းကျန့်ငယ်ငယ်တုန်းကပုံလေးတွေ ပုံတိုင်းပုံတိုင်းမှာလဲရှောင်းကျန့်နဲ့အတူချစ်စရာကလေးလေးတယောက်ပါနေသည်။
လွန်ခဲ့သော7နှစ်ခန့်က
"တိုတို တိုတိုလို့"
"တိတိရာ ကိုကိုစာလုပ်နေတယ်လေ"
"တိဝူး တိဝူး တားတားနဲ့လာဆော့ပေး အီးဟီး အဟင့် အဟင့် တိုတိုက တားတာနဲ့မဆော့ပေးဘူး တားတား တို့တို့ကိုခေါ်တော့ဝူး"
ကျွန်တော်ကအဲ့အချိန်တုန်းက8နှစ်အရွယ်(3)တန်းကျောင်းသားလေးပေါ့ ကျွန်တော်စာလုပ်တဲ့အချိန်ဆို ဘေးကနေတကျီကျီနဲ့နားပူနားဆာတိုက်တက်သူလေးက ကျွန်တော့်တို့အိမ်ရဲ့ဘေး တိုက်က ကျွန်တော်ချစ်ရတဲ့ညီငယ်လေး တိတိလေး
တိတိလေးကငယ်သေးတော့ နာမည်အတိအကျမမှည့်ရသေးလို့မားတို့ကချစ်စနိုးနဲ့ပေါ်တိလေးလို့ခေါ်ကြတယ်
တိတိလေးကသုံးနှစ်သားလေးဆိုပေမဲ့အရမ်းစကားတက်ပြီ အရမ်းချစ်ဖို့ကောင်းတာ စကားပြောရင်မပီကလာ ပီကလာလေးနဲ့ ကျွန်တော်ငယ်ငယ်ကဆိုသူ့ကိုအသည်းယားလွန်းလို့သူ့ပါးဖောင်းဖောင်းလေးတွေကိုခဏခဏဆွဲကိုက်ဖူးတယ် အဲ့အချိန်ဆို ငယ်သံပါအောင်အော်ငိုပါရော သူပြောနေကျလေးက
ESTÁS LEYENDO
ကိုကိုသည်သာ ကျွန်တော့်ကမ္ဘာ
Fanficအသည်းကွဲလာတဲ့ကောင်လေးနှစ်ယောက် အမှတ်မထင် ဆုံတွေ့မှုမှ အချစ်တွေပေါက်ဖွားလာတော့ သူတို့နှစ်ဦးရဲ့အဆုံးသတ်က ဘာဖြစ်မလဲ