Betrayed by friends
Zawgyi
လက်ထဲကအဝတ်အိတ်ကိုဆွဲပြီးအခန်းကဒ်နဲ့တံခါးကိုဖွင့်ကာChengYangတစ်ယောက်ပင်ပန်းနွမ်းရိစွာကျောကိုကုန်းပြီး အခန်းထဲဝင်လိုက်တယ်။
တကယ်တော့ သူအခန်းထဲကိုဝင်ဝင်ချင်း အဝတ်အိတ်ထဲက အဝတ်တွေခွဲဖို့ဖြစ်တယ်။ ဒါပေမဲ့ ကုတင်ရှိရာသွားပြီး ခြေတွေလက်တွေ ဆန့်ကားပြီး ခုန်တက်ပစ်လိုက်တယ်။
ကုတင်အကျယ်ကြီးပေါ်လှဲနေရင်း Cheng Yang မျက်လုံးတွေကိုမှိတ်လိုက်တယ်။ ဒီအခိုက်အတန့်မှာ သူ့ကိုယ်သူ ကျေနပ်နေမိတယ် ဘာလို့လဲဆိုတော့ နောက်ဆုံးမှာမကြုံစဖူးအားလပ်ရက်ကြီးကို ရလိုက်လို့ဘဲ !သူမနက်၇နာရီအိပ်ရာကထပြီး busနဲ့ဆိပ်ကမ်းကိုရောက်ဖို့၂နာရီ ၃နာရီလောက်ကြာသွားတယ်။အဲ့ဒီနောက် လုံခြုံရေးစစ်ဆေးဖို့ တန်းစီရတယ်။သေဘာၤေပၚတက္ဖို့ အစအဆံုး
၁၀နာရီလောက်ကြာသွားတယ်။Cheng Yang မှာထိုင်စောင့်နေရင်းနဲ့ အိပ်ပျော်လုမတက်ပင်။ကံကောင်းစွာဘဲ နောက်ဆုံးတော့ မမှောင်ခင်မှာ သူသဘောင်္ပေါ်တက်လိုက်ရတယ်။ Cheng Yang သူ့အခန်းကို ကြည့်လိုက်တော့ သဘောင်္ရဲ့အောက်ခြေမှာရှိပုံရတယ်။
ဘာလို့လဲဆိုတော့ အခန်းနံရံမှာပင်လယ်ရေတွေမြင်နေရလို့ဘဲ။Cheng Yang ဖြေးဖြေးချင်းမှီလိုက်ပြီး အပေါ်အင်္ကျီကို ချွတ်လိုက်တယ်။ အဲ့ဒီနောက် စီးထားတဲ့ဖိနပ်ကိုလည်း
ချွတ်ပြီး တံခါးနားမှာရှိတဲ့ ဖိနပ်စင်ပေါ်တင်ပြီး ဖိနပ်အပါးကို စီးပြီးရေချိုးခန်းထဲဝင်သွားတယ်။မကြာခင်
သူထွက်လာပြီး နေ့လည်စာစားတယ်။တနေ့တာလုံးလှုပ်လှုပ်ရှားရှားဖြတ်သန်းပြီးတော့ သူအရမ်းကို အိပ်ချင်နေတော့တယ်။သူ့သူငယ်ချင်းနှစ်ယောက်ကို ည၇နာရီမှာ ညစာစားဖို့ ချိန်းဆိုလိုက်တယ်။သူမအိပ်ခင် ကြိုတင်ပြီး ဖုန်းနဲ့ alarm ချထားလိုက်တယ်။ ပြီးတော့ အဝတ်အိတ်ထဲက နူးညံ့တဲ့ ညအိပ်ဝတ်စုံကိုဝတ်ပြီး အိပ်ရာခင်းထဲတိုးဝင်လိုက်တယ်။
အဲ့ဒီနောက်တော့ သူငိုက်မြည်းစွာနဲ့ မျက်လုံးတွေကို မှိတ်ပစ်လိုက်တော့တယ်။
YOU ARE READING
His son has a richest billionaires dad(Myanmar Translation)
RomanceAuthor(s) Shou Xin 狩心 Artist(s) N/A Year 2018 Status in COO Completed...66 Chapters Licensed N/A The Whole Story Isn't Mine.I just upload this because I want to.So, I give fully credit to the original publisher.BTW I've got permission from English...