#Unicode
-ယူမီ ဆေးရုံ-
အမျိုးသမီးငယ်တစ်ဦးမှာ မိမိကိုယ်ကို အဆုံးစီရင်မှုဖြင့် ဆေးရုံသို့ အရေးပေါ်ရောက်ရှိလာလေသည်။
"ဒေါက်တာ ဒီလူနာက မိမိကိုယ်ကို တိုက်ပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်တာပါ
အခြေအနေအရမ်းစိုးရိမ်ရပါတယ်"အရေးပေါ် ခွဲစိတ်ခန်းဝင်၍ အစွမ်းကုန် ကယ်တင်သော်လည်း ကံတရားက အမျိုးငယ်၏ဘက်တွင် ရှိမနေခဲ့ချေ။
"ညနေ4နာရီ 28မိနစ် လူနာ သေဆုံးခိျန်"
"ကောင်းရာသုကတိလားပါစေ"
"ဒေါက်တာကင်မ် ဒီလူနာက လွန်ခဲ့တဲ့5လလောက်က ဒီဆေးရုံမှာ သူမသေဆုံးခဲ့ရင် လိုအပ်နေတဲ့သူတွေအတွက် ကိုယ်တွင်းအင်္ဂါ လှူဒါန်းဖို့ သဘောတူ လက်မှတ်ထိုးထားတဲ့သူပါ
မိဘတွေကလည်း မရှိတော့ဘူးလို့ပြောဖူးပါတယ် ""ဟုတ်လား စိတ်ညစ်စရာတွေဘယ်လောက်တောင်ရှိနေလို့ ဒီလိုလုပ်ရတာလဲမသိပေမယ့် စိတ်ကောင်းစေတနာကောင်းရှိတဲ့သူ
မို့လို့ ကောင်းရာမွန်ရာ ရောက်မှာပါ ဪ ဟုတ်သားပဲ ဒီအမျိုးသမီးရဲ့ နှလုံးက ကျန်းမာတဲ့အတွက် ဒေါက်တာမင်ရဲ့လူနာအတွက် အစားထိုးကုသခွင့်ပေးလိုက်ပါ""ဟုတ်ကဲ့ သိပါပြီ"
//Note- Hearts can be kept alive for 24hours after death //
-------------------------------------------------------------------
"နှလုံးအစားထိုးကုသဖို့ ခွဲစိတ်ခန်းဝင်ရပါမယ်"
"အလှူရှင်တွေ့ပြီလား ဒေါက်တာ"
"ဟုတ်ကဲ့ "
"ကျေးဇူးတင်ပါတယ် ဒေါက်တာ ကျွန်မသားလေးကို ကယ်တင်ပေးပါ"
"ဟုတ်ကဲ့ စိတ်ချပါ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်"
ခွဲစိတ်ခန်းအတွင်း ခွဲစိတ်ကုသမှုများ ပြီးဆုံးသွားပြီးနောက်
"ဒေါက်တာ အဆင်ပြေရဲ့လား ကျွန်မသားလေး"
"ဟုတ်ကဲ့ ခွဲစိတ်မှုကလည်း အဆင်ပြေပြေပြီးဆုံးသွားခဲ့ပါပြီ"
"ကျေးဇူတင်ပါတယ် ကျေးဇူးတင်ပါတယ် အလှူရှင်ကရော ဒေါက်တာ"
YOU ARE READING
Always and Forever[Completed]
Fanfiction-လမင်းဟာ နေမင်းရဲ့အလင်း ကြောင့်သာ တောက်ပနိုင်ခဲ့တယ်ဆိုပေမယ့် နေမင်းကတော့ ဘာကိုမှ ပြန် မတောင်းဆိုခဲ့ပါ- -လမင်းဟာ နေမင်းရဲ့အလင်း ကြောင့်သာ တောက်ပနိုင်ခဲ့တယ်ဆိုပေမယ့် နေမင်းကတော့ ဘာကိုမှ ပြန် မတောင်းဆိုခဲ့ပါ- { Unicode+Zawgyi } Start - 15/10 /2020 End...