Unicode
-----------------------------------------------------
ဂျွန်းဂျောင်ဂု၏ အချစ်စစ်ဆင်ရေး ပထမအပတ်တွင် ချိုမြိန်ခြင်း များစွာဖြင့် ဂျီမင်းနှင်အတူ ကုန်ဆုံးခဲ့ပြီးပြီ ဖြစ်သည်။ပထမအပတ် ကျော်လွန်သွားပြီဖြစ်သော်လည်း ဂျီမင်း၏ သဘောထားအား မသိရသေးသဖြင့် ဂျောင်ဂုမှာ အနည်းငယ် စိုးရိမ်နေပုံပေါ်သော်လည်း အချိန်3ပတ်ကျန်သေးသည်ဟု အားတင်းထားလေသည်။
အချစ်စစ်ဆင်ရေး ဒုတိယအပတ် ၏ နောက်ဆုံးရက် ်ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင် လပြည့်ညဖြစ်၍
လသာဆောင်တွင် ဂျီမင်းနှင့်အတူ စကားစမြည် ပြောလေသည်။"Hyung "
"အင်း "
ဂျောင်ဂုသည် ညကောင်းကင်ပေါ်တွင် လင်းထိန်နေသော လပြည့် အား လက်ညိုးထိုးပြပြီးနောက် ဂျီမင်းအား ချိုမြိန်စွာကြည့်လေသည်။
"ဟိုးမှာ လ ကိုကြည့်ပါအုံး လှတယ်နော် "
"ဟုတ်ပါရဲ့ ငါတော့ လပြည့်ညကို သဘောကျတယ် အေးချမ်းတယ်လို့ ခံစားရလို့"
"တကယ်လား ကျွန်တော့်အနေနဲ့ကတော့ Hyungကို ပိုသဘောကျတယ် Hyungကို ဒီတိုင်းလေးငေးကြည့်နေရတာက ကျွန်တော့်အတွက် ပိုအေးချမ်းတယ်"
ဂျီမင်းသည် ဂျောင်ဂုအား ချိုမြိန်စွာပြုံးပြလေသည်။
"Hyung သိလား "
"ဘာကိုလဲ"
"ကျွန်တော် Hyungထက်ပိုပြီး အသက်ရှည်ရှည်နေချင်တယ်..ဘာလို့လဲဆိုတော့ ကျွန်တော် အသက်ရှည်မှ Hyungကို ထားမသွားနိုင်မှာလေ အဲ့တော့ Hyungအတွက် ဝမ်းနည်းစရာ အမှတ်တရတွေ ချန်နိုင်ခဲ့မှာမဟုတ်ဘူး
ဝမ်းနည်းစရာရှိရင် ကျွန်တော်ပဲ ဝမ်းနည်းမယ် Hyungကိုတော့ ဘယ်တော့မှ ဝမ်းမနည်းစေချင်ဘူး ""ဘာလို့ စကားကို ဒီလိုတွေ ပြောနေတာလဲ"
"ဘာမှမဖြစ်ပါဘူး ဒီတိုင်း Hyungကို ကျွန်တော် ဘယ်တော့မှ ထားသွားမှာ မဟုတ်ဘူးလို့ ပြောတာ "
"အင်းပါ သိပါပြီ "
ဂျောင်ဂု၏ စကားအားကြားပြီးနောက် ဂျီမင်း၏ အတွေးထဲတွင်
YOU ARE READING
Always and Forever[Completed]
Fanfiction-လမင်းဟာ နေမင်းရဲ့အလင်း ကြောင့်သာ တောက်ပနိုင်ခဲ့တယ်ဆိုပေမယ့် နေမင်းကတော့ ဘာကိုမှ ပြန် မတောင်းဆိုခဲ့ပါ- -လမင်းဟာ နေမင်းရဲ့အလင်း ကြောင့်သာ တောက်ပနိုင်ခဲ့တယ်ဆိုပေမယ့် နေမင်းကတော့ ဘာကိုမှ ပြန် မတောင်းဆိုခဲ့ပါ- { Unicode+Zawgyi } Start - 15/10 /2020 End...