✨Part × 7✨

5.1K 516 3
                                    

#Unicode

မနက်အာရုဏ်ဦး တွင် ကျေးငှက်ငယ်များ မြူးထူးနေလျက် ကောင်းမွန်သော နေ့သစ်အား ကြိုဆိုနေကြသည်။

ပြတင်းပေါက်မှ ထိုးထွက်နေသော နေရောင်ခြည်အလင်းက ဂျီမင်း၏ မျက်နှာပေါ်သို့ တိုက်ရိုက်ကျရောက်နေသည်။နေရောင်အလင်းကြောင့် အိပ်ယာထက်တွင် အိပ်ချင်မူးတူးဖြင့် နိုးထလာကာ ဆံပင်များက စုတ်ဖွာနေသော်လည်း အပြစ်ကင်းသောကလေးငယ်ပမာ အလွန်ချစ်ဖို့ကောင်းနေသည်။

"ပန်းချီ ကို အမြန် လက်စသတ်ပြီ အိမ်ပြန်မှပဲ"

မျက်နှာသစ် သွားတိုက်ပြီးနောက် အိမ်အောက်ထပ်သို့ ဆင်းလာသောအခါ သင်းပျံ့သော ကော်ဖီရနံ့က ဂျီမင်းအား ဆွဲဆောင်နေသည်။

"မွှေးလိုက်တာ"

"ကောင်းသော နံနက်ခင်းပါHyung"

"အင်း ကောင်းကောင်းအိပ်ပျော်ရဲ့လား"

"ဟုတ်ကဲ့ လာထိုင်ပါ ပန်ကိတ် လုပ်ထားတယ် မနက်စာလာစားပါ"

"ကျေးဇူးပဲ "

မနက်စာစားပြီးနောက် ပန်းချီကားအား လက်စသတ်ကာ
အိမ်ပြန်ရန် ပြင်လေသည်။

"ထမင်းကျွေးတဲ့အတွက်ရော ညအိပ်ခွင့်ပေးတဲ့အတွက်ရော မနက်စာပါ ကျွေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်"

"ရပါတယ် "

"ဒါဆို ငါပြန်တော့မယ် "

"ကောင်းပြီလေ ကောင်းကောင်းပြန်ပါ "

"အင်း ငါတို့တွေ တွေ့စရာအကြောင်းအရင်းက ဒီမှာ ပြီးဆုံးသွားပြီပဲ နူတ်ဆက်ခဲ့ပါတယ် ကောင်းကောင်းနေရစ်ခဲ့ပါ"

"ဟုတ်ကဲ့"

တစ်ဦးနှင့်တစ်ဦး နူတ်ဆက်ကာ ဂျောင်ဂု၏ စံအိမ်မှ ဂျီမင်း ထွက်ခွာသွားလေသည်။

ဂျီမင်း ထွက်သွားပြီးနောက် မိခင်ဖြစ်သူ၏ ပုံတူပန်းချီအား
တစိမ့်စိမ့်ကြည့်ရှုကာ မျက်ရည်ကျလေသည်။

"အမေ့ကို အရမ်း သတိရတယ် ပြီးတော့ ကျွန်တော့်ကို စိတ်မပူပါနဲ့ ကျွန်တော်
ကောင်းကောင်းမွန်မွန် နေနေပါတယ် "

Always and Forever[Completed]Where stories live. Discover now