✨Part × 11✨

4.8K 489 17
                                    

#Unicode

တိမ်စိုင်ကင်းစင်ကာ ကြည်လင်နေသော ကောင်းကင်ပြာ အောက်တွင် ရှိနေသော ပန်းခြံထဲရှိ ခုံပေါ်တွင် အဆင့်အတန်းမြင့်အနောက်တိုင်းဝတ်စုံ အနက်ဖြင့် ကောင်လေးတစ်ဦးကောင်းကင်ပြာကိုငေးမောကြည့်ပြီးနောက် လက်ပတ်နာရီအား တစ်ချက်ငုံကြည့်၍ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေပုံပေါ်နေသည်။

ထိုစဉ် မနီးမဝေး တစ်နေရာမှ  လူငယ်တစ်ဦးရောက်ရှိလာကာ ဘေးတွင် ဝင်ထိုင်လေသည်။

"ကိစ္စရှိလို့လား"

"ရောက်လာပြီလား ဒီနေ့ အလုပ်ကိစ္စတွေအကုန် နားထားတယ် Hyungနဲ့အတူ လျှောက်သွားဖို့"

"ဂျွန်းဂျောင်ဂု "

"ဟုတ်ကဲ့"

"ငါ့ကို လွှတ်ပေးလို့မရဘူးလား "

"ဘာလို့လဲ "

"မင်းနဲ့ငါ က ဘာမှ ပတ်သက်တာမဟုတ်ဘူး ပြီးတော့
ငါ့အတွက် မင်းရဲ့အချိန်တွေကို အကုန်ဆုံးရှုံးခံမနေပါနဲ့
မင်းဒီလိုမျိုး ငါ့ကို မင်းရဲ့စိတ်ကြိုက်ထိန်းချုပ်နေမယ်ဆိုရင် ငါအဝေးကြီးကို ထွက်သွားရလိမ့်မယ်"

"Hyung ကျွန်တော့်ကို မုန်းလား?"

"ဘာ... "

"တစ်ခွန်းပဲဖြေ ကျွန်တော့်ကို မုန်းလား?"

"မဟုတ်ပါဘူး ငါက မင်းကို ဘာလို့ မုန်းရမှာလဲ
ဒီတိုင်း မင်းနဲ့တွေ့ရတာ ငါအရမ်းနေရခက်တယ် "

"ကျွန်တော့်ကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးရင်လည်းရတယ် စောင့်နိုင်တယ်
နှစ်တွေ ဘယ်လောက်ကြာကြာ စောင့်နိုင်တယ် ဒါမှမဟုတ် ကျွန်တော့်ကို မချစ်နိုင်လဲရတယ် ဒါပေမယ့် တစ်ခုလေးပဲသိထားပေးပါ Hyung
ကျွန်တော့် မျက်စိရှေ့က ပျောက်ကွယ်သွားလို့မဖြစ်ဘူး
ကျွန်တော်ရူးသွားလိမ့်မယ်"

ဂျောင်ဂုသည် မိမိ၏ စိတ်ရင်းအမှန် ကို မျက်ရည်ဝဲနေသော်လည်း တည်ငြိမ်ရင့်ကျက်စွာ အလေးအနက် ပြောနေလေသည်။

စကားကိုအလေးအနက်ထားကာ တည်ငြိမ်ရင့်ကျက်စွာပြောနေသည့် ဂျောင်ဂုအား မြင်ပြီးနောက် ဂျီမင်းသည်လည်း
မျက်ရည်ဝဲလာကာ နှလုံးသားကလည်း နာကျင်လျက် မျက်ရည်မကျမိအောင် ထိန်းထားရင်း

Always and Forever[Completed]Where stories live. Discover now