✨Final✨

8.1K 585 83
                                    

Unicode

ဂျောင်ဂု သည် လသာဆောင်တွင် တစ်ဦးတည်းရှိနေသည်။ ညနေ 7နာရီခန့် ရှိနေပြီဖြစ်သောကြောင့် အမှောင်ထုတွင် လင်းထိန်နေသော လပြည့် အား ငေးမောကြည့်ပြီးနောက် ဂျီမင်းနှင့်အတူကုန်ဆုံးခဲ့ဖူးသည့် အမှတ်တရများကို အသေးစိတ် ပြန်လည်မြင်ယောင်ကာ အတွေးကမ္ဘာထဲတွင် ရောက်ရှိလျက်ရှိနေသည်။

//အခုအချိန်မှာ ကျွန်တော်အလိုအပ်ဆုံးက Hyungပဲ
အရမ်းသတိရတယ် တွေ့ချင်တယ် ရူးမတက်ပဲ//

ထိုအချိန်တွင် အိမ်မက်ကဲ့သို့ ဂျောင်ဂု၏ အနားသို့ လူတစ်ယောက် ရောက်ရှိလာကာ
လပြည့် အားငေးကြည့်နေသော ဂျောင်ဂု အား အနောက်ဘက်မှ သိုင်းဖက်လိုက်လေသည်။

"ငါမင်းကို သတိရနေတာ "

"ဟင်? Hyung?"

"တောင်းပန်ပါတယ် ငါအခုမှရောက်လာလို့"

ထို့နောက် ဂျောင်ဂုသည် မိမိအား အနောက်မှ သိုင်းဖက်ထားသော ဂျီမင်း၏ လက်များကို ဖြေးညင်းစွာ ဖြုတ်ချလိုက်ကာ မျက်ရည်များကို ထိန်းထားရင်း အရယ်အပြုံးမရှိဘဲ ဂျီမင်းအား သတိမရသည့်ပုံဖြင့် စကားကို ခပ်မာမာ ပြောဆိုလေသည်။

"ဒီကို ဘာလို့လာခဲ့တာလဲ"

"ဟင်? ငါမင်းကိုသတိရလို့ အမေမသိအောင် ထွက်လာခဲ့တာ"

"အခုချက်ချင်းပြန်သွားလိုက်ပါ"

"ဘာ ဂျောင်ဂု မင်းဘယ်လိုဖြစ်နေတာလဲ မျက်နှာကဖြူဖက်ဖြူရော်နဲ့ နေမကောင်းဘူးလား"

"အာရုံစိုက်မနေပါနဲ့ "

"ဟင် စကားကိုဘယ်လိုတွေပြောနေတာလဲ"

"ခင်ဗျားက ဒီလိုပဲလား?"

"ခင်...ခင်ဗျား? အခုငါ့ကို ခင်ဗျားလို့ခေါ်လိုက်တာလား?"

"ဟုတ်တယ်လေ နားမပါဘူးလား"

"ဂျွန်းဂျောင်ဂု မင်းဘယ်လိုဖြစ်နေတာလဲ"

"ခင်ဗျားတို့လို ဆင်းရဲသားတွေက ဒီလိုပဲလား? ပိုက်ဆံရှိတဲ့သူတွေကို် ဒီလိုပဲ လိုက်တွယ်ကပ် တတ်တာလား"

"ဘာ မင်းရူးနေပြီလား ဂျွန်းဂျောင်ဂု ငါတို့မတွေ့တာ နှစ်ပတ်ပဲရှိသေးတာကို ဒီလိုတွေပြောင်းလဲသွားတယ်ပေါ့"

Always and Forever[Completed]Where stories live. Discover now