✨Part × 6✨

5.5K 551 6
                                    

#Unicode

ပန်းချီကားအား 3နာရီခန့် ဆွဲပြီးသော်

"Hyung ပန်းချီက ဆွဲရတာကြာအုံးမှာဆိုတော့ ဒီမှာညအိပ်သွားလိုက်လေ အချောသတ်ကို မနက်ဖြန် ဆက်ဆွဲပေါ့"

"ငါ့အမေ တစ်ယောက်တည်းဖြစ်နေတော့မှာ မဖြစ်ပါဘူး အိမ်ပြန်မှဖြစ်မယ်"

"ဘာလို့လဲ အမေ့ကို စိတ်ပူလို့လား"

"ဒါပေါ့ ပြေးကြည့်မှ ဒီအမေတစ်ယောက်ပဲရှိတာ စိတ်မပူဘဲနေမလား"

"စိတ်မပူပါနဲ့ ကျွန်တော့်လူတွေကို လွှတ်ထားတယ် သူတို့စောင့်ရှောက်ပေးလိမ့်မယ်"

"ဟမ် ဘယ်အချိန်လွှတ်လိုက်တာလဲ"

"ဒီလိုပါပဲ "

"အော် ဒါပေမယ့်လည်း ဒီမှာ ညအိပ်ဖို့ကျ တစ်မျိုးဖြစ်နေမလားလို့"

"ဘာကို?"

"မဟုတ်ဘူးလေ ဒီအတိုင်း"

"ကျွန်တော်က အဆင်ပြေပါတယ် အားမနာပါနဲ့"

"ဒါဆိုလည်း အမေ့ကို ဖုန်းဆက်လိုက်အုံးမယ်"

"hyungသဘောပါ"

"အင်း ကျေးဇူးပဲ"

Seoulတွင် ကျန်နေခဲ့သော မိခင်အား စိတ်ပူသဖြင့် ဖုန်းဆက်ကာ မိမိအားစိတ်မပူရန် အကျိုးအကြောင်းရှင်းပြ ကာ တတွတ်တွတ် ပြောနေသည်မှာ လွန်စွာ ချစ်ဖို့ကောင်းနေသည်။ ဘဲပေါက်လေးလို ချစ်ဖို့ကောင်းနေသော ဂျီမင်းအား လက်ပိုက်၍ ကြည့်နေသော ဂျောင်ဂုသည်လည်း ခေါင်းတစ်ချက်ငုံ့ကာ
အချိုမြိန်ဆုံး ပြုံးလိုက်သည်။

"Hyung"

"အင်း ဘာလို့လဲ"

"ဗိုက်ဆာနေပြီလား"

"ရပါတယ် မဆာဘူး.."

ထို့နောက် ဂျီမင်း၏ ဝမ်းဗိုက်ထဲ မှ ထွက်ပေါ်လာသော အသံတစ်သံက ဂျောင်ဂုအား ပြုံးစေသည်။

"ဗိုက်မဆာတာတော့ မဟုတ်ဘူးထင်တယ် ဗိုက်ထဲက ဆန္ဒပြနေပြီ "

"ဟီးဟီး နည်းနည်းပဲ ဆာတာပါ"

"ကောင်းပါပြီ ဘာစားချင်လဲ"

"ငါကအဆင်ပြေပါတယ်"

Always and Forever[Completed]Where stories live. Discover now