# Unicode
နာရီဝက်ခန့်ကြာသော် ဂျောင်ဂုမှာ အခန်းထဲသို့ပြန်လည်ရောက်ရှိလာလေသည်။
ထို့နောက် ပွန်းပဲ့ဒဏ်ရာများကြောင့် နာကျင်နေသော ဂျီမင်းအား မြင်သော် အလွန် စိတ်တိုသွားပုံပေါ်သည်။"HYUNG! ကြည့်ပါအုံး ပွန်းပဲ့ကုန်ပြီ ဘယ်လိုလုပ်နေတာလဲ "
"ငါ့ကိုလွှတ်ပေးပါ"
ဂျောင်ဂုသည် ဂျီမင်း ၏ မျက်လုံးထက် စည်းထားသော ပဝါအား ဖြုတ်ချလိုက်ပြီ်းနောက် ဂျီမင်း၏ ပါးပြင်အား လက်နှစ်ဖက်နှင့် ညင်သာစွာ ဆွဲယူပြီးကာ အကြည့်ချင်း
ဆုံအောင် ကြည့်လိုက်လေသည်။"ကျွန်တော့်ကိုကြည့်ပါ "
"ဘာလို့ ဒီလိုလုပ်ရတာလဲ"
"Hyungက ကျွန်တော့်ဘဝအတွက်အရေးပါတယ်"
"ဘာတွေပြောနေတာလဲ"
"Hyungကို စတွေ့တဲ့နေ့ကတည်းက ကျွန်တော့်စိတ်ထဲ hyungက နေရာယူထားတာ "
"ဘာ "
"မှောင်မိုက်နေတဲ့ ကျွန်တော့်ဘဝထဲ ရောက်လာပေးလို့
ကျေးဇူးတင်ပါတယ်""ငါနားလည်အောင်ပြောစမ်းပါ အခု ဘာတွေပြောနေတာလဲလို့ "
"Hyungကို ကျွန်တော် ချစ်တယ်"
"ဘာ ဘာပြောလိုက်တာ ငါနားကြားမှားတာလား"
ဂျောင်ဂုလည်း စိတ်မထိန်းနိုင်လာသည့်အတွက် ဂျီမင်း၏ ပါးပြင်နုနုလေးအား ညင်သာစွာ ဆွဲယူပြီးနောက်
အချိုမြိန်ဆုံး အနမ်း တစ်ပွင့်ပေးလိုက်လေသည်။ဂျီမင်းသည်လည်း First Kissဖြစ်သည့်အပြင် ရုတ်တရက် အံ့ဩမှုများကြောင့် ရုန်းကန်ရန် မေ့သွားသော်လည်း
စက္ကန့်အနည်းငယ် ကြာသော် ဂျောင်ဂုအား တွန်းထုတ်လိုက်လေသည်။"ဒါ... ဒါ ဘာ ဘာလုပ်တာလဲ ရူး...ရူးသွားတာလား"
ဂျောင်ဂုအား ဆူနေသော်လည် မိမိ၏ နှလုံးသားမှာ ရထားမောင်းနှင်နေသကဲ့သို့ ဝုန်းဒိုင်းကြဲနေလေသည်။
"ပြောခဲ့ပြီးပြီလေ စိတ်မထိန်းနိုင်ရင် Hyungကို ဘာလုပ်မိမှန်းမပြောနိုင်ဘူးလို့ "
YOU ARE READING
Always and Forever[Completed]
Fanfiction-လမင်းဟာ နေမင်းရဲ့အလင်း ကြောင့်သာ တောက်ပနိုင်ခဲ့တယ်ဆိုပေမယ့် နေမင်းကတော့ ဘာကိုမှ ပြန် မတောင်းဆိုခဲ့ပါ- -လမင်းဟာ နေမင်းရဲ့အလင်း ကြောင့်သာ တောက်ပနိုင်ခဲ့တယ်ဆိုပေမယ့် နေမင်းကတော့ ဘာကိုမှ ပြန် မတောင်းဆိုခဲ့ပါ- { Unicode+Zawgyi } Start - 15/10 /2020 End...