#Unicode
//လွန်ခဲ့သော 2လ နှလုံးအစားထိုးခွဲစိတ်မည့် နေ့ဖြစ်သည်။
ိ"ငါ မင်းကိုမချစ်ဘူး"
" ယူမီဆေးရုံ မှာ ကိုယ်တွင်းအင်္ဂါ လှူဒါန်းကြောင်း လက်မှတ်ထိုးပြီးရင် ကျွန်မရဲ့သဘောထားကိုစဉ်းစားပေးမယ်ဆို?ဒီနေ့နဲ့ဆို လှူပြီးကြောင်း လက်မှတ်ထိုးထားတာ 5လပြည့်ပြီလေ"
"လိမ်တာ"
"ဘာပြောလိုက်တယ် ကျွန်မ ရှင့်ကို နှလုံးသားထဲက နက်နက်ရှိုင်းရှိုင်း ချစ်တာပါ ကျွန်မအပေါ် ဒီလိုမလုပ်ပါနဲ့"
"သိတယ် မင်းငါ့ကို မင်းရဲ့နှလုံးသားထဲက ချစ်မှန်းသိလို့ တမင် သွားလှူခိုင်းတာ"
"ဘာတွေပြောနေတာလဲ"
"ငါ့ကို ချစ်ရင် ကိုယ့်ကိုကိုယ်အဆုံးစီရင်လိုက်"
"ဘာပြောတယ် "
"တကယ်ပြောနေတာ"
"ရူးနေလား ကျွန်မကဘာလို့ သေရမှာလဲ"
"ငါ့ကိုတကယ်ချစ်တယ်ဆိုရင် လုပ်လိုက်လေ"
"ဂျွန်းဂျောင်ဂု ရှင်ကအရူးပဲ ရှင့်ကို အသက်နဲ့အမျှ ချစ်တဲ့ကျွန်မကို ဒီလိုရက်စက်နိုင်တယ်တဲ့လား?"
"အဲ့တာဆို သက်သေပြလေ ငါပြန်ပြီ"
ဟိုဂျူအာ နှင့်စကားပြောပြီးနောက် ဂန်နမ်သို့ ပြန်သွားလေသည်။ ဟိုဂျူအာသည် သွေးအေးအေးဖြင့် လှည့်ထွက်သွားသော ဂျောင်ဂု အား ငေးမောကြည့်ပြီးနောက် မျက်ရည်ကျလာလေသည်။
"ကျွန်မအပေါ် ဘာလို့ ဒီလို လုပ်ရက်ရတာလဲ"
နာကျင်လာသော နှလုံးသားကြောင့် ရင်ဘတ်ကို ဖိထားရင်း အပေါ်ဆုံးထပ်သို့ပြေးတတ်သွားလေသည်။
"ရှင့်ကိုချစ်ခဲ့ရတာ3နှစ်ရှိပြီ။
ရှင့်ကို မုန်းချင်ပေမယ့် မုန်းလို့မရတာဘယ်လိုလုပ်ရမှာလဲ။ အဝေးကနေပဲ ရှင့်ကို ငေးကြည့်ပြီးတော့ ပျော်ရွှင်ခဲ့တဲ့သူပါ။
အခုတော့ ကျွန်မဘယ်လိုလုပ်ရမလဲ ?
ကျွန်မ ရှင့်ဘဝထဲက အပြီးပိုင် ထွက်သွားတော့မယ် နူတ်ဆက်ခဲ့ပါတယ်။
ပြီးတော့ ဂျွန်းဂျောင်ဂု ရှင့်ကို နှလုံးသားထဲက နက်နက်ရှိုင်းရှိုင်းချစ်တယ် "
YOU ARE READING
Always and Forever[Completed]
Fanfiction-လမင်းဟာ နေမင်းရဲ့အလင်း ကြောင့်သာ တောက်ပနိုင်ခဲ့တယ်ဆိုပေမယ့် နေမင်းကတော့ ဘာကိုမှ ပြန် မတောင်းဆိုခဲ့ပါ- -လမင်းဟာ နေမင်းရဲ့အလင်း ကြောင့်သာ တောက်ပနိုင်ခဲ့တယ်ဆိုပေမယ့် နေမင်းကတော့ ဘာကိုမှ ပြန် မတောင်းဆိုခဲ့ပါ- { Unicode+Zawgyi } Start - 15/10 /2020 End...