#unicode
"အေမ "
"ဘာျဖစ်လို့လဲ သားလေး"
"ဘာလို့ လောင်းကစားဆက်လုပ်နေတာလဲ "
"အမေက ဘယ်တုန်းကလုပ်လို့လဲ"
"လာလိမ်မနေနဲ့ ကျွန်တော်အကုန်သိပြီးပြီ ဂျွန်းဂျောင်ဂု ဆီမှာ ပိုက်ဆံသွားချေးခဲ့တယ်မလား ဝမ်1သန်း "
"ဟိုလေ သားလေး အမေတောင်းပန်ပါတယ် အမေလည်း မတတ်နိုင်တော့လို့ပါ"
"ကျေးဇူးပြုပြီးတော့ အဲ့ဒီလောင်းကစားကို မလုပ်ပါနဲ့တော့ ကျွန်တော် ပိုက်ဆံရှာပြီးတော့ အမေ့အတွက် ဆိုင်ခန်းဖွင့်ပေးပါ့မယ် "
"တောင်းပန်ပါတယ် သားလေး"
"ရပါတယ် နောက်ဆို လောင်းကစားလဲမလုပ်နဲ့တော့ ပိုက်ဆံလည်း လျှောက်မချေးနဲ့တော့နော်"
"အေးပါ သားလေးရယ် "
"အဲ့ဒီ ဂျွန်းဂျောင်ဂု ဆိုတာ ဘယ်သူလဲ သိရဲ့လား"
"ဂန်နမ် က သူဌေးလေ"
"သူ ဘာအလုပ်လုပ်တယ်ထင်လို့လဲ "
"မသိဘူး သူဌေးသားမဟုတ်ဘူးလား"
"သူက ကျွန်တော့်ဆေးကုသစရိတ်ကို ရှင်းပေးခဲ့သူပဲ
ပြီးတော့ သူက Mafia ခေါင်းဆောင် အမေရဲ့""ဘာ တကယ်လား အမလေး အမေက အဲ့တာကိုမသိဘဲနဲ့ ချေးခဲ့တာ "
"သိပါတယ် ဒါပေမယ့် စိတ်မပူပါနဲ့ ကျွန်တော်ဖြေရှင်းပြီးပြီ"
"ဘယ်လိုဖြေရှင်းခဲ့တာလဲ"
"နောက်မှ ရှင်းပြပါ့မယ် အခုတော့ ကျွန်တော် သူခိုင်းထားတဲ့ကိစ္စ သွားလုပ်ပေးရမယ်"
"မကောင်းတာတွေတော့မလုပ်ခိုင်းဘူးမလား"
"စိတ်မပူပါနဲ့ ပန်းချီပဲဆွဲခိုင်းတာပါ"
"တကယ်လား"
"ကျွန်တော် ပန်းချီသွားဆွဲပြီး ပြန်လာခဲ့မယ်နော် အမေလည်း လျှောက်မသွားဘဲ အိမ်မှာပဲနေ ဟုတ်ပြီလား
ကျွန်တော်စိတ်ချမယ်နော်""အင်းပါ "
မကြာမှီ အချိန်တွင် ဂျောင်ဂု၏ လူများ ရောက်ရှိလာသဖြင့်
လိုအပ်သည့်ပစ္စည်းများ ယူဆောင်ကာ မိခင် အား နူတ်ဆက်၍ ထွက်သွားလေသည်။
YOU ARE READING
Always and Forever[Completed]
Fanfiction-လမင်းဟာ နေမင်းရဲ့အလင်း ကြောင့်သာ တောက်ပနိုင်ခဲ့တယ်ဆိုပေမယ့် နေမင်းကတော့ ဘာကိုမှ ပြန် မတောင်းဆိုခဲ့ပါ- -လမင်းဟာ နေမင်းရဲ့အလင်း ကြောင့်သာ တောက်ပနိုင်ခဲ့တယ်ဆိုပေမယ့် နေမင်းကတော့ ဘာကိုမှ ပြန် မတောင်းဆိုခဲ့ပါ- { Unicode+Zawgyi } Start - 15/10 /2020 End...