✨Part × 12✨

4.6K 476 7
                                    

Unicode

"အမေ ကျွန်တော်ပြောစရာရှိတယ်"

"ဘာပြောမလို့လဲ ပြောလေ"

"ကျွန်တော် ဂျွန်းဂျောင်ဂု အိမ်မှာ 1လလောက်သွားနေရမယ်"

"ဘာဖြစ်လို့လဲ...!"

"နောက်မှပြောပြပါ့မယ် "

"တရားမဝင်တာတို့ဘာတို့တော့ မလုပ်ဘူးမလား"

"မလုပ်ပါဘူး အမေကလည်း ကျွန်တော့်အကြောင်းလဲသိရဲ့သားနဲ့"

"သိတော့သိပေမယ့် အမေက စိတ်ပူလို့ပါ အေးပါကွယ် အရေးကြီးကိစ္စဆိုရင်လည်း အမေ မတားတော့ပါဘူး
ဒါပေမယ့် တစ်ပတ်တစ်ခါ တော့ အိမ်ပြန်လာရမယ်နော်"

"ဟုတ်ကဲ့ ကောင်းပါပြီ ကျွန်တော် ကတိပေးပါတယ်"

"ကျန်းမာရေးဂရုစိုက်နော်သားလေး "

"ဟုတ်ကဲ့ ဒါဆို ကျွန်တော်သွားတော့မယ် အမေ"

"အင်း သားလေး ကောင်းကောင်းသွား ဂရုစိုက်နော်"

"ဟုတ်ကဲ့ "

မိခင်ဖြစ်သူအား ခွင့်တောင်းပြီးနောက် ဂျောင်ဂု၏ နောက်လိုက်များ၏ ကားထြင့် စံအိမ်သို့ သွားလေသည်။

စံအိမ်သို့ရောက်သော အိမ်ရှေ့တွင် အင်မတန်စိတ်လှုပ်ရှားနေသော ဂျွန်းဂျောင်ဂု ကိုမြင်သော် နောက်လိုက်များက ဂျီမင်းအား

"ကျွန်တော်တို့ ဘော့စ် ဒီလိုစိတ်လှုပ်ရှားပြီး ပျော်နေတာ ပထမဆုံးမြင်ဖူးတာပဲ ဘော့စ် ဆယ်ကျော်သက်တုန်းက သူ့အမေကို ဆုံးရှုံးပြီးကတည်းက တစ်ခါမှ အရယ်အပြုံးမရှိခဲ့ဖူးဘူး ...
ပတ်ဂျီမင်း ရှီး နဲ့ တွေ့ပြီးနောက်ပိုင်း က စပြီးတော့ နေ့တိုင်းဆိုသလို သူပြုံးလာတာမြင်ရတော့ တကယ် ဝမ်းသာပါတယ်"

နောက်လိုက်များ၏ စကားကြောင့် ဂျီမင်းလည် ဂျောင်ဂုအပေါ် ပိုမို ဂရုဏာသက်သွားလေသည်။

ကားဝင်လာသည်ကို မြင်သော် ဂျောင်ဂုသည် စိတ်လှုပ်ရှားနေသည့်ပုံစံကို ချက်ချင်းရပ်တန့်လိုက်ကာ ရုပ်တည် လိုက်ပြီး ချောင်းတစ်ချက်ဟန့်ကာ နောက်လိုက်များအား ဆူလိုက်လေသည်။

Always and Forever[Completed]Where stories live. Discover now