✨Part × 4✨

5.8K 617 11
                                    

#Unicode

ပန်းချီကားအား ကိုင်ဆောင်ပြီးနောက် ဂျောင်ဂုပေးသည့် လိပ်စာအတိုင်း ရောက်ရှိလာလေသည်။

"ရောက်လာပြီလား ထိုင်ပါ"

ဂျောင်ဂုအား မြင်လိုက်တိုင်း နှလုံးက အလျင်အမြန်ခုန်လာလေ့ရှိသည်ကို ဂျီမင်းသတိထားမိသည်။ အဘယ်ကြောင့် ဤသို့ဖြစ်နေရသည်ကိုလည်း မသိရချေ။

"ဆေးရုံ စရိတ်တွေ ရှင်းပေးခဲ့လို့ ကျေးဇူးတင်ပါတယ်"

"ရပါတယ် ဒီငွေလောက်က အသာလေးပါ"

"ရော့ဒီမှာ ပန်းချီကား "

"အင်း "

"ဒါဆို ကျွန်တော်သွားတော့မယ်"

"ပြန်တော့မလို့လား အခုမှရောက်တာကို ခနလောက်နေပါအုံး"

"ရပါတယ် အလုပ်လုပ်ဖို့သွားရမယ်"

"တောင်းဆိုစရာလေးရှိလို့ "

" ဗျာ? ဘာကို"

"ကျွန်တော့အတွက် ပန်းချီဆွဲပေးနိုင်မလား လစာကောင်းကောင်းပေးပါ့မယ်
ခင်ဗျားက အရည်အချင်းရှိတဲ့ပန်းချီပညာရှင်ပဲ ကျွန်တော့အတွက်သီးသန့် ပန်းချီဆွဲပေးရမယ် "

"ကျေးဇူးတော့တင်ပေမယ့် မလုပ်နိုင်ပါဘူး ခင်ဗျ ပန်းချီဆွဲတာ ဒါနောက်ဆုံးပါ
ဟုတ်ကဲ့ကျေးဇူးပါ"

"ကမ်းလှမ်းနေတုန်း လက်ခံတာ ကောင်းမယ်ထင်တယ်နော်"

"ဘာ"

"နှစ်ဦးနှစ်ဖက် အဆင်ပြေစေဖို့ ပြောနေတာပါ
အခုချိန်မှာ ခင်ဗျားက နှလုံးခွဲစိတ်ထားတာဖြစ်လို့
အလုပ်ကြမ်းလုပ်မယ်ဆို ခွဲစိတ်ထားတာ အလကားဖြစ်ကုန်မှာပေါ့ မဟုတ်ဘူးလား"

"ဘယ်သူက အလုပ်ကြမ်းလုပ်မယ်ပြောနေလို့လဲ"

"ဪ ဟုတ်လား "

"နောက်ပြီးတော့ ဆေးကုသစရိတ် ကိုရှင်းပေးလို့ကျေးဇူးတော့တင်ပေမယ့် အသက်ကဘယ်လောက်လဲ ဘာလို့ စကားကို တရင်းတနှီးပြောနေရတာလဲ"

"ငါက 1997ဖွား ပါ"

"ကြည့်ပါလား ကြည့်ပါလား ထင်တော့ထင်သားပဲ ငါ့ထက် ငယ်မယ်ဆိုတာ ဘာလဲ ငွေရှိတယ်ဆိုတော့ စကားကို ရိုရိုသေသေမပြောတတ်တော့တာလား"

Always and Forever[Completed]Where stories live. Discover now