✨Part × 3✨

6K 615 6
                                    

#Unicode

အခြေအနေများပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံဆင်းခွင့်ရပြီဖြစ်သည်။

"ဂျီမင်း ရှီး ပင်ပန်းမယ့်အလုပ်တွေလုပ်တာရှောင်ပါ
ဆေးကိုလည်း ပုံမှန်သောက်ပါ ဟုတ်ပြီလား"

"ဟုတ်ကဲ့ ဒေါက်တာ ဒါနဲ့ ကျွန်တော့်ဆေးကုသစရိတ်..."

"ဆေးကုသစရိတ်တွေအကုန်ရှင်းပြီးသွားပြီလေ"

သားအမိနှစ်ယောက်လုံး အံ့ဩမှုများစွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက်

"ဗျာ"

"လူတစ်ယောက်က အကုန်ရှင်းပေးခဲ့ပြီးပါပြီ လွန်ခဲ့တဲ့ လ က ပတ်ဂျီမင်း ဆေးရုံ ဆင်းမယ့်နေ့အထိ ဆေးဖိုးကအစ အကုန်ရှင်းပေးသွားပါတယ်"

"မဖြစ်နိုင်တာ ဒီလောက်ငွေတွေအများကြီး"

"တကယ်ပြောနေတာပါ "

"ဘယ်သူရှင်းသွားတာလဲဆိုတာ သိလို့ရမလား ဒေါက်တာ"

"အော နာမည်တော့မပြောသွားဘူး ဖုန်းနံပါတ်တော့ချန်ထားခဲ့ပါတယ်"

"အား တကယ်လား ကျေးဇူးတင်ပါတယ်ဒေါက်တာ"

ဒေါက်တာ ထွက်သွားပြီးနောက်တွင် အံ့ဩမှုများဖြင့်သာ
သားအမိနှစ်ဦး ပျော်ရွှင်သွားကာ

"သားလေး ဘယ်သူက ဒီလောက်ငွေတွေအများကြီးကို
ရှင်းသွားတာလဲ"

"မသိဘူး အမေ သူ့ကိုရှာပြီးကျေးဇူးဆပ်ရမယ် ကျွန်တော့်အတွက်ကျေးဇူးရှင် ပဲ"

"ဟုတ်တယ်သားလေး အမေလည်းသူ့ကိုကျေးဇူးတင်တယ် အမေတို့ကိုကူညီသွားတာ လူကောင်းပဲဖြစ်ရမယ် ကျေးဇူးတင်လိုက်တာ"

"နှလုံးပိုင်ရှင်ကိုရော ဆေးကုသစရိတ်ဖိုးရှင်းပေးတဲ့ သူကိုရော ကျေးဇူးအများကြီးတင်ပါတယ်
ကျွန်တော် ကျေးဇူးပြန်ဆပ်ပါ့မယ်"

-------------------------------------------------------------------

"ဘော့စ် ဟိုတစ်ယောက် ဖုန်းလဲ ဆက်မလာသေးဘူးနော်
1လလောက်ရှိ ပြီ "

"ဆေးရုံဆင်းတဲ့နေ့ သေချာပေါက် ဆက်လာလိမ့်မယ် စိတ်ရှည်ရှည်စောင့်"

Always and Forever[Completed]Where stories live. Discover now