#Unicode
အနောက်တိုင်းဝတ်စုံ အနီရောင် ဖြင့် လွန်စွာခန့်ငြားလှသည်။
ဂျွန်းဂျောင်ဂု ဆေးရုံထဲဝင်လာသည့်အခါ လူတကာ၏ အာရုံစိုက်ခြင်းကိုခံရလေသည်။
Mafiaခေါင်းဆောင်ဟု ထင်ရက်စရာမရှိ လောက်အောင် ရုပ်ရည်ကလေးက ချောမောပြေပြစ်သည်။
ခန္ခာကိုယ်ဖွဲ့စည်းပုံကလည်း ဘုရားပေးသည့်လက်ဆောင်
အလား လုံးဝပြီးပြည့်စုံသည်။[ပတ်ဂျီမင်း / 01467 ]
"အော ဒီမှာ ပတ်ဂျီမင်း ရဲ့အခန်းပါ တွေ့ပါပြီဘော့စ်"
"ငါအပြင်မှာစောင့်နေမယ် အကျိုးအကြောင်းပြောပြပြီး ဈေးမေးခဲ့လိုက်"
"ဟုတ်ကဲ့ ဘော့စ်"
ဂျီမင်း၏ အခန်းထဲတွင် ဂျီမင်းတစ်ဦးတည်းသာ ရှိနေသည်။မိခင်ဖြစ်သူကတော့ ကောင်တာတွင် ဆေးကုသစရိတ်အား မေးမြန်းရန် သွားနေသောကြောင့် အနားတွင်ရှိမနေခဲ့ပေ။
"ဒီမှာခင်ဗျ"
"ဘယ်သူပါလဲ "
"အော် ပတ်ဂျီမင်လားခင်ဗျ"
"ဟုတ် ဟုတ်ပါတယ် "
"ခင်ဗျား ဆွဲထားတဲ့ ပန်းချီအကြောင်းပြောဖို့လာတာပါ"
"ခင်ဗျာ?"
"ကျွန်တော်တို့ ဘော့စ်က ပန်းချီကို သဘောကျလို့
ဝယ်ချင်ပါတာ်တဲ့ အဲ့တာ ခင်ဗျားအနေနဲ့ ဈေးနူန်းလေးတစ်ချက်လောက်ပြောပြပေးနိုင်မလား""အော ဟို ခင်ဗျားတို့ဘော့စ်နဲ့ စကားခနလောက်ပြောလို့ရမလား "
"အာ ခနလေးနော် မေးကြည့်လိုက်ပါမယ်"
"ဘော့စ် နဲ့ပြောချင်ပါတယ်တဲ့"
"ကောင်းပြီလေ "
အခန်းထဲသို့ ဝင်လာသော ဂျွန်းဂျောင်ဂု အားမြင်လိုက်သောအခါ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသော်လည်း နှလုံးသားက ရင်းနှီးနေသလို ခံစားချက်ဖြင့်
ရုတ်တရက်ဆိုသလို နှလုံးခုန်မြန်လာလေသည်။"အား နာလိုက်တာ နာတယ်"
"ဒီမှာ ဒီမှာ အဆင်ပြေရဲ့လား"
"ဟုတ်ကဲ့ ရပါတယ် ကျွန်တော် မနေ့ကမှ ခွဲစိတ်ထားလို့ပါ"
"ခင်ဗျားရဲ့ ပန်းချီကို ကျွန်တော် သဘောကျတယ်
ခင်ဗျား ရောင်းဖို့စိတ်ကူးရှိလားဆိုတာသိချင်လို့ပါ"
YOU ARE READING
Always and Forever[Completed]
Fanfiction-လမင်းဟာ နေမင်းရဲ့အလင်း ကြောင့်သာ တောက်ပနိုင်ခဲ့တယ်ဆိုပေမယ့် နေမင်းကတော့ ဘာကိုမှ ပြန် မတောင်းဆိုခဲ့ပါ- -လမင်းဟာ နေမင်းရဲ့အလင်း ကြောင့်သာ တောက်ပနိုင်ခဲ့တယ်ဆိုပေမယ့် နေမင်းကတော့ ဘာကိုမှ ပြန် မတောင်းဆိုခဲ့ပါ- { Unicode+Zawgyi } Start - 15/10 /2020 End...