Unicode
------------------------------------------------
ဂျောင်ဂု စံအိမ်သို့ ပြန်ရောက်သော် အံဆွဲထဲမှ ဒိုင်ယာရီစာအုပ်အားထုတ်လိုက်ပြီး နောက် ဂျီမင်းနှင့်ပက်သတ်၍ မိမိ စီစဉ်ခဲ့ဖူးသည့်အကြောင်းအရာများကို စာစီရေးလေသည်။
[လွန်ခဲ့တဲ့4နှစ်က ကျွန်တော့်မှာ ကင်ဆာရောဂါရှိနေမှန်းသိခဲ့ရတယ်။
ဒေါက်တာက ဆေးသောက်ရင် နည်းနည်းတော့ အဆင်ပြေလိမ့်မယ့် လို့ပြောခဲ့ပေမယ့် ကျွန်တော် နားမထောင်ခဲ့ဘူး။
ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ
စိတ်ချလက်ချ ထားသွားရမယ့်သူမရှိခဲ့လို့ပေါ့။အဲ့တာကြောင့် အရာအားလုံးကို အလေးမထားဘဲ ဆေးလဲမသောက်ဘဲ နေခဲ့တယ်။
ဒါပေမယ့် နောက် 2နှစ်အကြာမှာတော့ "Forever" ပန်းချီပြခန်းမှာ အလုပ်လုပ်နေတဲ့ Hyungကို တွေ့ခဲ့ပြီး စိတ်ဝင်စားခဲ့တယ်။
Hyungကတော့ ကျွန်တော့်ကို မသိခဲ့ဘူးလေ။
Hyung ဆွဲတဲ့ ပန်းချီကားက ကျွန်တော့်အမေ လက်ရာနဲ့ ဆင်တူနေတာကို သတိထားမိပြီးတော့ Hyungအကြောင်းကို စုံစမ်းခိုင်းခဲ့တဲ့နောက်မှာတော့ Hyungမှာ နှလုံးရောဂါရှိနေတာကို သိခဲ့တယ်။
အဲ့တာနဲ့ပဲ Hyungကို ဆုံးရှုံးလိုက်ရမှာကြောက်ခဲ့တယ်။
ကျွန်တော့်ရဲ့ ရောဂါအခြေအနေကိုတောင် မေ့သွားရလောက်တဲ့အထိ Hyungကို ချစ်ခဲ့တယ်။
"ဟိုဂျူအာ "ဆိုတဲ့ မိန်းခလေးက 3နှစ်လောက် ကျွန်တော့်ကို စိတ်ဝင်စားနေမှန်း သိလိုက်ရတဲ့အချိန်မှာ သူ့နှလုံးသားနဲ့သာHyung နှလုံးအစားထိုးကုသလို့ရရင် ကျွန်တော့်ကို ပြန်ချစ်လာလိမ့်မယ် ဆိုပြီး ကျွန်တော် တွေးခဲ့တယ်။
အဲ့တာနဲ့ပဲ "ဟိုဂျူအာ" ကို ဟန်ဆောင်ရင်းနှီးအောင်လုပ်ပြီး Hyungတက်နေကျဖြစ်တဲ့ ယူမီ ဆေးရုံမှာ ကိုယ်တွင်းအင်္ဂါလှူဒါန်းကြောင်း လက်မှတ်ထိုးခိုင်းခဲ့တယ်။
နောက်တော့Hyungရဲ့အခြေအနေက စိုးရိမ်ရတယ်လို့သတင်းကြားတော့ သူ့ကို သတ်သေခိုင်းခဲ့ပြီး Hyungအတွက် နှလုံးအစားထိုးကုသလို့ရခဲ့တယ်။
YOU ARE READING
Always and Forever[Completed]
Fanfiction-လမင်းဟာ နေမင်းရဲ့အလင်း ကြောင့်သာ တောက်ပနိုင်ခဲ့တယ်ဆိုပေမယ့် နေမင်းကတော့ ဘာကိုမှ ပြန် မတောင်းဆိုခဲ့ပါ- -လမင်းဟာ နေမင်းရဲ့အလင်း ကြောင့်သာ တောက်ပနိုင်ခဲ့တယ်ဆိုပေမယ့် နေမင်းကတော့ ဘာကိုမှ ပြန် မတောင်းဆိုခဲ့ပါ- { Unicode+Zawgyi } Start - 15/10 /2020 End...