#Unicode
ဂြီမင်း သတိရလာသောအခါ ဆေးရုံ ပေါ်တွင်ဖြစ်နေသည်။
"သား သတိရပြီလား"
"အမေ ဒီကိုဘယ်လိုလုပ်ပြီးနေရောက်နေတာလဲ"
"အိမ်ရှေ့မှာ သတိလစ်သွားတာလေ "
"ရင်ဘတ်ကနာလိုက်တာ"
"ဒီကောင်လေးကတော့လေ ခွဲစိတ်ထားတာကိုလည်း သတိရပါအုံး ဘာလို့ မိုက်ရူးရဲဆန်ဆန် ပြေးလွှားသွားရတာတုန်း အခုတော့ ဆေးရုံရောက်နေပြီတွေ့လား
နောက်ကိုအဲ့လိုမလုပ်နဲ့ ကြားလား""စိတ်ပူမိစေလို့ တောင်းပန်ပါတယ်"
"ဂျီမင်း "
"ဟုတ်ကဲ့"
"ဂျွန်းဂျောင်ဂုနဲ့ အများကြီးမပတ်သက်တာကောင်းမယ်ထင်တယ်"
"ဘာလို့လဲ အမေ "
"အမေလည်း ပိုက်ဆံတစ်ခါချေးဖူးတာမှန်တယ် ပြီးတော့
အခုသားလည်း ဒီကိစ္စကိုဖြေရှင်းပြီးသွားပြီဆိုတော့
နောက်ထပ် သူနဲ့မတွေ့ပါနဲ့တော့နော်""သူက သနားဖို့ကောင်းပါတယ် အမေရယ်"
"အမေကစိတ်ပူလို့ပြောတာပါ mafiaတွေနဲ့ မပတ်သက်တာအကောင်းဆုံးပဲ သားအမြဲတမ်းသတိထားနေရမယ်"
"ကျွန်တော် အမေ့စိတ်ကိုနားလည်ပါတယ် ဒါပေမယ့်
သူက... ""တော်တော့ ဂျီမင်း"
"အမေ "
"ဆေးကုသစရိတ်ရှင်းပြီးပြီ ဆရာဝန်ကလည်း သားကို စိုးရိမ်စရာမရှိလို့ အိမ်ပြန်လို့ရပြီတဲ့ ပြန်ကြစို့"
"ဟုတ်ကဲ့ အမေ"
-------------------------------------------------------------------
"ဘော့စ် "
"အင်း ဘာလဲ"
"ပတ်ဂျီမင်း အိမ်ရှေ့မှာ မေ့လဲသွားတယ်လို့ ဖုန်းဆက်လာပါတယ်"
လက်ထောက်၏ စကားကြောင့် ဂျောင်ဂု လည်း အနည်းငယ်စိတ်ပူသွားပုံပေါ်သည်။
"ဘာ ဘယ်လိုဖြစ်တာလဲ"
"ရှော့ခ် ဖြစ်သွားတာလို့ပြောပါတယ်"
"စိုးရိမ်ရလား "
"ဆေးရုံကနေဆင်းပြီလို့တော့ သိရပါတယ်"
YOU ARE READING
Always and Forever[Completed]
Fanfiction-လမင်းဟာ နေမင်းရဲ့အလင်း ကြောင့်သာ တောက်ပနိုင်ခဲ့တယ်ဆိုပေမယ့် နေမင်းကတော့ ဘာကိုမှ ပြန် မတောင်းဆိုခဲ့ပါ- -လမင်းဟာ နေမင်းရဲ့အလင်း ကြောင့်သာ တောက်ပနိုင်ခဲ့တယ်ဆိုပေမယ့် နေမင်းကတော့ ဘာကိုမှ ပြန် မတောင်းဆိုခဲ့ပါ- { Unicode+Zawgyi } Start - 15/10 /2020 End...