✨Part × 14✨

4.1K 438 20
                                    


Unicode

***************

ဂျီမင်း ရှိရာသို့ရောက်သွားသောအခါ ကားပေါ်မှ အလောတကြီး ဆင်းကာ တင်းကျပ်စွာ
ပွေ ့ဖက်လေသည်။

"ဘာကိစ္စတွေရှိလို့လဲ ဟင် ငါ့ကိုပြောပါအုံး"

"ဘာမှမဟုတ်ပါဘူး ဒီတိုင်းHyungကို သတိရလို့"

"ငါ စံအိမ်ကနေ ထွက်လာဖြင့် တစ်ရက်ပဲရှိသေးတာကို ဒီလောက်တောင် သတိရနေတာလား အာအီဂူ တကယ့်ကိုကလေးလေးပဲ"

"ကျွန်တော့်အနားHyungမရှိတဲ့ တစ်ရက်ဆိုတဲ့အချိန်က တစ်နှစ်လိုပဲ "

"စကားတတ်လေး ကဲပါ အပြင်မှာ အေးတယ် အိမ်ထဲ ဝင်ထိုင်အုံးလေ"

ဂျောင်ဂုသည် မည်သည့်စကားမျှ ပြောမထွက်တော့ဘဲ ဂျီမင်းကိုသာ တင်းကျပ်စွာ ဖက်ထားလေသည်။

"အဆင်ပြေရဲ့လား ဟမ် ဂျောင်ဂု "

"....."

"ထူးဆန်းတယ် ဒီနေ့ဘာလို့ ဒီလောက်တိတ်ဆိတ်နေတာလဲ "

"Hyungကို ကျွန်တော်က အများကြီးသဘောကျတာကို သိတယ်မလားဟင်"

"အင်း သိတယ် "

"ဒါဆိုရပြီ "

"ဟမ်?"

"Hyung"

"အင်း ပြောလေ"

"......."

"ဘာမို့လို့လဲ ? ဘာကိစ္စမို့လို့ ဒီလောက်ထိ ပြောမထွက်.."

ဂျီမင်း၏ နူတ်ခမ်းပေါ်သို့ ချိုမြိန်သော အနမ်းတစ်ပွင့် ကျရောက်လာလေသည်။

ထိုစဉ် အိမ်ထဲမှ ဂျီမင်း၏ မိခင်ဖြစ်သူမှာ အိမ်ထဲမှ ထွက်လာသောအခါ အဖြစ်အပျက်များကို မြင်သွား၍

"ဒါ ဘယ်လိုဖြစ်နေကြတာလဲ "

မိခင်ဖြစ်သူ၏ အသံကြားလိုက်သောအခါ ဂျီမင်းမှာ အလွန်ထိတ်လန့်သွားလေသည်။

"အ...အမေ"

"ပတ်ဂျီမင်း!!! နင်..."

"အ.. အမေ ဒါက ဟို ကျွန်တော် ရှင်းပြပါ့မယ်"

"မင်္ဂလာပါ အဒေါ် ကျွန်တော် ဂျွန်းဂျောင်ဂုပါ"

"မင်းကရောဘာလဲ ဒါက ဘာတွေလဲ ဟမ် ပြောကြစမ်းပါအုံး "

Always and Forever[Completed]Where stories live. Discover now