နိဒါန်း

3.2K 220 16
                                    

Zawgyi~

လူကြီးလူ​ကောင်းများ၊သူ​ဌေးသူကြွယ်​များသာ ​​နေနိုင်​​လောက်​မည့်​ ​ရပ်​ကွက်​တစ်​ခု။
ခမ်းနားထယ်​ဝါ​သော အိမ်​ကြီးများသည်​ လမ်းတစ်​​လျှောက်​တွင်​ တစ်​လုံးနှင့်​တစ်​လုံးအပြိုင်​တည်​ရှိ​နေသည်​။

ဆော့ဂျင်​ပြတင်း​ပေါက်​မှတစ်​ဆင့်​ အပြင်​လမ်းမထက်​သို့​ငေးကြည့်​​နေမိသည်​။မိုးဖွဲဖွဲများရွာ​နေ​သော​ကြောင့်​ မှိုင်းညှို့​နေ​သော လမ်းမသည်​ လွမ်းရိပ်​သမ်း​နေ​သေး၏။

လက်​ကြားထဲက​ဘောပင်​ကို ကျင်​လည်​စွာလှည့်​​နေရင်းကျလာ​သောနှာရည်​များကို သူရှုံ့မိသည်​။ပြတင်း​ပေါက်​အပြင်​မှ​လေ​အေး​အေးများတိုး​ဝှေ့လာချိန်​တွင်​ အ​နွေးထည်​ပန်း​ရောင်​အတွင်းသို့ကိုယ်​​လေးကျုံ့ဝင်​မိ၏။

ဆေး​ကျောင်းသားတစ်​​ယောက်​ဖြစ်​တာ​ကြောင့်​ ​ကျောင်းသင်​ခန်းစာများတွင်​သာ အာရုံစိုက်​ရမည်​ဟူ​သော ​မေ​မေ့ဆုံးမမှုများ​ကြောင့်​ လမ်းမ​ပေါ်မှအကြည့်​လွှဲပြီး အင်္ဂလိပ်​ဘာသာများနှင့်​ပြည့်​​နေ​သော စာအုပ်​အထူထံ သူအကြည့်​ပို့သည်​။

ထို့​နောက်​ မျက်​မှန်​အထူကြီးကိုပင့်​တင်​ပြီး​နောက်​ ​​မြောက်​မြားစွာ​သောသင်​ခန်းစာများအတွင်းလုံးပန်းရ​တော့သည်​။
အကြမ်း​ရေးစာအုပ်​အတွင်း ချ​ရေး​နေစဉ်​လမ်းမထက်​မှ ဆူညံဆူညံအသံများကိုကြားလိုက်​ရသည်​။

"အဲ့​ကောင်ကိုမိတာနဲ့အ​သေသတ်​ပစ်​မယ်​"

"က​လေက​ချေ​ကောင်​မင်းမိတာနဲ့​သေပြီမှတ်​"

ဆော့ဂျင်​လန့်​ဖြန့်​ပြီးလမ်းမထက်​သို့ကြည့်​မိ​တော့ ​ကျောပိုးအိတ်​အမည်းကိုလွယ်​ထားပြီး ဂျင်း​ဘောင်းဘီခပ်​နွမ်းနွမ်းနှင့်​​ကောင်​​လေးတစ်​​ယောက်​ကို အ​နောက်​မှလိုက်​​နေကြ​သော လူတစ်​စု။

"အဟက်​ ခင်​​ဗျားတို့ကကျွန်​​တော့်​ကိုလိုက်​မှီမှာတဲ့လား အဘိုးကြီး​တွေရဲ့"

ခနဲ့သလို​လေသံနှင့်​အ​နောက်​ပြန်​လှည့်​ကာ ပြုံးရင်း​အော်​​ပြော​နေ​သောထိုလူငယ်​။ဘုရား​ရေ..ပါးချိုင့်​​တွေ ​ပေစုပ်​သ​လောက်​သိပ်​​ချောတာပဲ။

Bad Guy {NamJin} Completed !!!Where stories live. Discover now