"Stupid Rabbit Was Ran From Me Again!"
Part- 9( Jealous )
For unicode
၀မ်ရိပေါ်သူ့အိမ်ပေါ်မှာသောင်တင်နေတာတစ်ပတ်ခန့်ရှိလေပြီ။ဘယ်လိုပြောေပြာနောက်ရက်နေ့တွေမှာအိမ်ကိုတစ်ခုပြီးတစ်ခု၀ယ်ချလာခဲ့သည်။
ပထမနေ့တုန်းကTVဂိမ်းစက်၀ယ်လာသည့်အပြင်နောက်ရက်တွေမှာအ၀တ်လျှော်စက်၊spring mattressစသဖြင့်၀ယ်ချလာခဲ့သည်။ဒါတွေအားလုံးပေါင်းရင်သူ့လစာပြောင်မည်။
ပါးနဲ့မားကတော့ဒီကောင်လေးကိုအသက်ငယ်ငယ်လေးနဲ့ပိုက်ဆံတွေသိပ်ပေးကိုင်သည်။ပိုက်ဆံတွေကိုမဟုတ်တဲ့နေရာတွေမှာသွားသုံးနေမှဖြင့်...။
၀မ်ရိပေါ်၀ယ်လာတာတွေထဲမှာရှောင်ကျန့်ကတော့စပရိန်ေမွ့ရာလေးကိုသိပ်ကြိုက်သည်။
ဆောင်းရာသီနဲ့ကွက်တိပင်။စောင်ထူထူကြီးအောက်မှာတစ်နေ့လုံးနှပ်နေလိုက်ရရင်တော့ဖြင့်....။အချိန်တစ်ပတ်ကုန်သွားတော့လည်းရှောင်ကျန့်တို့တာ၀န်တွေပေါ့သွားသည်။တစ်ရက်ကသူ့တို့designတွေကိုတင်ပြခဲ့ပြီးပြီမဟုတ်လား။၀မ်ရိပေါ်ကသူလိုချင်တဲ့designပုံစံကိုရသွားသောကြောင့်ထင်သလောက်ဂျီးမများခဲ့တော့..။
အဲ့ဒါနဲ့ဘဲအခုwinter seasonအတွက်ထုတ်မဲ့ဒီဇိုင်းတွေကိုသူတို့ဘက်ကအပြီးသတ်နိုင်ခဲ့သည်။
သူ့တို့ဘက်ကတာ၀န်တွေပြီးသွားတော့sewing teamတွေအလုပ်ရှုပ်သည်။ဈေးကွက်ကိုဖြန့်ဖြူးမယ့်designတွေကိုတော့အထည်ချုပ်စက်ရုံဘက်ကိုအပ်လိုက်သည်။အထည်ချုပ်စက်ရုံဘက်ကအထည်တေွကဈေးနှုန်းလည်းသင့်တင့်ပြီးလူတန်းစားမရွေး၀ယ်ယူ၀တ်ဆင်နိုင်သည်။သို့သော်လည်းစနစ်တကျချုပ်လုပ်ထားသော၊ပစ္စည်းကောင်းကောင်းလေးတွေသုံးထားသော brandedတွေနဲ့တော့အရေအတွက်ရောအရည်အသွေးချင်းပါကွာသည်။
ဒီနေ့ကတော့သူတို့အဖွဲ့အောင်ပွဲခံသည့်နေ့။ဘောနပ်စ်ကောင်းကောင်းလေးရလာသည်မဟုတ်လား။သူတို့အဖွဲ့မှာသူအပါအ၀င်လူ၁၀လောက်သာရှိသည်။
သူကအဖွဲ့ခေါင်းဆောင်ဆိုတော့အရက်တွေဘီယာတွေကိုရှောင်ရင်းနဲ့တောင်နည်းနည်း၀င်သွားသေးသည်။ရှောင်ကျန့်ကတကယ့်အူရိုင်း၊အရက်နည်းနည်း၀င်တာနဲ့တောင်မူးချင်သလို၊အန်ချင်သလိုဖြစ်လာသည်။
YOU ARE READING
''Stupid Rabbit Was Ran From Me Again!'' (COMPLETED)
Fanfictionသူ... သူ..ချစ်တတ်အောင်သင်ပေးခဲ့တယ် သူ..သဝန်တိုတတ်လာအောင်လည်းသင်ပေးခဲ့တယ် သူ..မုန်းတတ်အောင်လည်းသင်ပေးခဲ့ပြန်တယ် တကယ်တော့'သူ'ဆိုတာကျွန်တော်ဘယ်တော့မှလွတ်မြောက်မှာမဟုတ်တဲ့ကျွန်တော့ကိုချည်နှောင်ထားတဲ့အစိမ်းရောင်ကြိုးလေးတစ်ချောင်းပါဘဲ... ...