"Stupid Rabbit Was Ran From Me Again!"
Part- 22 (ရန်ဖြစ်လိုက်၊ပြန်ချစ်လိုက်)
"ကျိုးချန်
သူ့ငါ့ကိုအခုထိလာမခေါ်သေးဘူး"ဝမ်ကျိုးချန်ကတော့ရှောင်ကျန့်ကိုမျက်စောင်းထိုးပြီးတော့သာကြည့်ဖြစ်ေတာ့သည်။သူဒီအတွဲကိုတော်တော်စိတ်ပျက်လှပြီ။ ရှောင်ကျန့်ကလည်းပြေးစရာမြေမရှိ၊သူ့တို့မိသားစုဆီကိုသာရောက်ရောက်လာတတ်သည်။ဒီတစ်နှစ်အတွင်းမှာတောင်တရုတ်ကနေအမေရိကကိုပြေးလာတာ၃ခေါက်ရှိနေပြီ...။ရန်ဖြစ်ပြီးပြတ်နိုင်ကြတာလည်းမဟုတ်ဘဲဒီအတွဲတွေ..။
အစကတော့ဒီနှစ်ယောက်ကိုသူအတော်အထင်ကြီးမိသည်။ဝမ်ရိပေါ်ကလည်းဖခင်ဖြစ်သူနဲ့အတိုက်အခံလုပ်ကာရှောင်ကျန့်ကိုမရရအောင်ယူသည်။တားလို့မရတော့လည်းဦးလေးဝမ်လင်းရီမှာခွင့်ပြုရတော့သည်။ဟိုမှာလိင်တူလက်ထပ်တာကိုခွင့်မပြုထားတော့ဒီကိုလာလက်ထပ်သည်။နိုင်ငံရဲ့ rich manတစ်ယောက်ကလိင်တူလက်ထပ်သွားတော့social media မှာတောင်တစ်လလောက်hot searchဝင်သွားသေးသည်။
ပြီးတော့ဝမ်ရိပေါ်ကမိန်းကလေးေတွအိပ်မက်ထဲကမင်းသားဖြစ်သောကြောင့်အသည်းကွဲတဲ့သူတွေနဲ့နှမြောတဲ့သူတွေလည်းတပုံတပင်။ဒီနိုင်ငံမှာလာလက်ထပ်လို့မစည်ကားဘူးလို့တော့မထင်လိုက်လေနဲ့...။ရိပေါ်ရဲ့အပေါင်းသင်းတွေကကျယ်ပြန့်သည်။၊Parisကနာမည်ကြီးဒီဇိုင်းနာတွေနဲ့ဝမ်ရိပေါ်သူငယ်ချင်းတွေ၊စီးပွားရေးပါတနာတွေတက်ကြသည်။mediaတွေကိုမဖိတ်ထားသော်လည်းသူ့သူငယ်ချင်းတွေကြောင့်ပုံကတော့ပြန့်သွားသည်။
ချောမောခန့်ညားသောယောက်ျားသားနှစ်ယောက်လက်ထပ်တာကိုဘယ်သူကအပြစ်မဆိုနိုင်ခဲ့ကြ။ဘာကြောင့်လဲဆိုတော့သူတို့နှစ်ယောက်ကလိုက်ဖက်လွန်းတာကိုး...။ရိပေါ်ကရှောင်ကျန့်ကိုအရိပ်တကြည့်ကြည့်နဲ့အငယ်တစ်ယောက်လိုချစ်ပေးသည်။ရှောင်ကျန့်ကတော့ရိပေါ်ကသူ့ထက်ငယ်ပြီးချောမောတာကြောင့်အတော်သဝန်တိုတတ်လာသည်။အပြင်မှာစီးပွားရေးလုပ်နေသောကြောင့်မိန်းကလေးပါတနာတွေယောက်ျားလေးတွေနဲ့ဆက်ဆံရသည်။
ထို့အပြင်ရိပေါ်ကလည်းဒီနှစ်မှာ entertainmentတစ်ခုနဲ့လက်တွဲအလုပ်လုပ်သည်။သူ့စီးပွားရေးကိုချဲ့ထွင်လိုက်တာဖြစ်သည်။ဟိုဘက်companyဘက်ကmodelတစ်ယောက်နဲ့စီးပွားရေးမိတ်ဆုံစားပွဲမှာရိပေါ်နဲ့ရိုက်ထားသည့်ပုံကိုဒီကောင်ရှောင်ကျန့်တွေ့သွားတော့အထုတ်ဆွဲပြီးချက်ခြင်းဆင်းချလာသည်။ပိုက်ဆံဘယ်လောက်ရှိမရှိသူတော့မသိ၊အလုပ်မရှိတာတောင်ဒီကောင်တော်တော်သုံးဖြုန်းနိုင်သည်။သူ့ယောက်ျားကပေးထားမှာပေါ့...။
YOU ARE READING
''Stupid Rabbit Was Ran From Me Again!'' (COMPLETED)
Fanficသူ... သူ..ချစ်တတ်အောင်သင်ပေးခဲ့တယ် သူ..သဝန်တိုတတ်လာအောင်လည်းသင်ပေးခဲ့တယ် သူ..မုန်းတတ်အောင်လည်းသင်ပေးခဲ့ပြန်တယ် တကယ်တော့'သူ'ဆိုတာကျွန်တော်ဘယ်တော့မှလွတ်မြောက်မှာမဟုတ်တဲ့ကျွန်တော့ကိုချည်နှောင်ထားတဲ့အစိမ်းရောင်ကြိုးလေးတစ်ချောင်းပါဘဲ... ...