"Stupid Rabbit Was Ran From Me Again!"
Part-15(ပထမဆုံးမဟုတ်တဲ့ပထမဆုံးအကြိမ်)
For unicode
"ပါးနဲ့မားမင်းကိုပြောစရာရှိတယ်"ဆိုသောကြောင့်ရှောင်ကျန့်စာကြည့်ခန်းသို့ရောက်လာခဲ့သည်။စာကြည့်ခန်းဆိုတာထက်အမြဲလိုလိုလျို့ဝှက်စကားများ၊အလုပ်ကိစ္စများကိုဆွေးနွေးသည့်အချိန်မှဒီတိတ်ဆိတ်ငြိမ်သက်သောစာကြည့်ခန်းကိုအသုံးပြုသည်။သူရောက်တော့ဦးလေးချန်းကလက်ဖက်ရည်ငှဲ့ပေးပြီးမားကအချက်ပြတာကြောင့်ပြန်ထွက်သွားခဲ့သည်။
"ပါးကျွန်တော့်ကိုပြောစရာရှိတယ်ဆို"
"အေး
မင်းမားကပြောတယ်
အသက်၂၄နှစ်ပြည့်တော့မယ်
မိဘတို့ဝတ္တရားအတိုင်းမစီစဉ်ပေးတော့ဘူးလားတဲ့""ပါး..ကျွန်တော်.."
"မားကြားတာတော့သားမှာချစ်သူလည်းမရှိဘူးဆို"
"ဟုတ်ကဲ့"
"သားကအလုပ်ဘဲကြိုးစားနေတယ်တဲ့
အခုထိရည်းစားတောင်မထားသေးတော့မားတို့လည်းမင်းကိုအပြင်မှာတစ်ယောက်တည်းထားရတာစိတ်ပူတယ်
အိမ်ကိုလာပြီးအိမ်ကနေအလုပ်ဆင်းပါဆိုတော့လည်းမင်းကအပြင်မှာနေရတာကြိုက်တယ်""......"
"ဟုတ်တယ်ကျန့်ကျန့်ရ
၂၄နှစ်ဆိုတာလည်းငယ်တော့တာမဟုတ်ဘူး
သားကိုပါးကမိသားစုစုံစုံလင်လင်နဲ့အေးချမ်းတဲ့ဘဝလေးကိုရစေချင်တယ်
အပြင်မှာနေတော့သားကျန်းမာေရးအတွက်ရော၊အိမ်တွင်းထိန်းသိမ်းဖို့မိန်းမတစ်ယောက်လောက်တော့လိုတယ်"သူ့အပေါ်ထားတဲ့ပါးမေတ္တာတွေကိုသူသိပါသည်။သူ့အပေါ်စိတ်မချဖြစ်နေတာကိုရော၊သူအပြင်မှာနေတာကိုပါအားနာစိတ်ဝင်နေတာကိုရောသူအကုန်သိပါသည်။
"ကျွန်တော်အဆင်ပြေပါတယ်ပါး"
"သားသမီးေတွထဲမှာသားကအကြီးဆုံးဆိုတော့သားကိုအရင်စေ့စပ်ပေးလိုက်မှနောက်ကရိပေါ်တို့ကိုစီစဉ်ပေးလို့ရမှာ"
"ရိပေါ်..."
"ဟုတ်တယ်လေ
သူ့ကိုစေ့စပ်ထားမလို့လုပ်တာကိုသူကသူ့အထက်ကအကြီးတွေတောင်လက်မထပ်ကြသေးဘူးတဲ့လေ
သားတို့ကိုလက်ထပ်ပေးပြီးသားတို့မိသားစုကလေးတွေဘာတွေရပြီးပျော်ရွှင်နေတာကိုမြင်မှအဲ့ကလေးအားကျပြီးမိန်းမယူချင်လာမှာ"
YOU ARE READING
''Stupid Rabbit Was Ran From Me Again!'' (COMPLETED)
Fanfictionသူ... သူ..ချစ်တတ်အောင်သင်ပေးခဲ့တယ် သူ..သဝန်တိုတတ်လာအောင်လည်းသင်ပေးခဲ့တယ် သူ..မုန်းတတ်အောင်လည်းသင်ပေးခဲ့ပြန်တယ် တကယ်တော့'သူ'ဆိုတာကျွန်တော်ဘယ်တော့မှလွတ်မြောက်မှာမဟုတ်တဲ့ကျွန်တော့ကိုချည်နှောင်ထားတဲ့အစိမ်းရောင်ကြိုးလေးတစ်ချောင်းပါဘဲ... ...