Part- 2(ပြန်ဆုံကြလေပြီ)

13.9K 1.1K 6
                                    

"Stupid Rabbit Was Ran From Me Again!''

Part- 2(ပြန်ဆုံကြလေပြီ)

For Zawgyi

ဝမ်ရိပေါ်ရှောင်ကျန့်အခန်းရှေ့မှာအချိန်အနည်းငယ်ကြာအောင်ရပ်ကြည့်နေမိသည်။သူနိုင်ငံခြားကပြန်ရောက်တာ၁နှစ်ရှိတော့မယ်။ရှောင်ကျန့်သူ့ဆီမလာသလိုသူကလည်းဒီနိုင်ငံမှာပြန်အခြေကျအောင်ကြိုးစားနေသေးသောကြောင့်ရှောင်ကျန့်ကိုလွှတ်ပေးထားသလိုဖြစ်သွားခဲ့သည်။

'ရှောင်ကျန့်ရာ..ရှောင်ကျန့်
မင်းဘာလို့အဲ့လောက်ချစ်ဖို့ကောင်းလာရတာလဲ'

သူ့ကိုဘာလို့ပုန်းရှောင်နေရတာလဲ။လွန်ခဲ့တဲ့၅နှစ်ကကိစ္စကိုမင်းမမေ့သေးဘူးထင်တယ်။အဲ့ဒါလည်းကောင်းတာဘဲ။ငါမင်းအပေါ်အဲ့ကတည်းကခံစားချက်ရှိနေတာမင်းသိသွားတာပေါ့..။

ရိပေါ်သူ့ရဲ့အပြာရောင်ဆံပင်တွေကိုတချက်သပ်လိုက်ပြီးရှောင်ကျန့်အခန်းရှေ့ကလှည့်ထွက်လာခဲ့သည်။

'ငါမင်းဘဝထဲကိုဝင်လာဖို့အဆင်သင့်ဖြစ်နေပြီရှောင်ကျန့်'

လူတွေကပြောကြတယ်။ဝမ်ရိပေါ်ဟာအဆိုးလေးတဲ့။မင်းတောင်ချစ်စနိုးနဲ့'အဆိုးလေး၊အဆိုးလေး'လို့စခဲ့သေးတာဘဲမဟုတ်လား။

ငါဝန်ခံတယ်။ငါနည်းနည်းဆိုးတယ်။လွန်ခဲ့တဲ့၁၃နှစ်မင်းအိမ်ကိုစရောက်လာတည်းကဆိုပါတော့..။

ငါ့ဘဝမှာငါဘာလိုချင်လဲ၊ငါဘာလိုအပ်လဲဆိုတာလည်းငါမသိခဲ့ဘူး။ငါဘာလိုချင်လည်းပြောစရာမလိုအောင်ပြီးပြည့်စုံတယ်။

အဲ့နေ့..မင်းအိမ်ကိုစရောက်လာတဲ့နေ့၊အသက်၁၀နှစ်အရွယ်မင်းကိုငါအနားတသတ်လုံးထားချင်စိတ်ပေါက်မိတယ်။မျက်လုံးတောက်တောက်၊ညစ်ညစ်ပတ်ပတ်၊ပိန်ညောင်နေတဲ့မင်းကိုပါးက'သားအဖြစ်မွေးစားမယ်တဲ့'။

မားလုံးဝလက်မခံဘူး။ပါးနဲ့မားရန်ဖြစ်ကြတယ်။ငါဘာလုပ်လဲသိလား။အသက်၈နှစ်အရွယ်ငါကခေါင်းကိုကုတင်စောင်းနဲ့တိုက်ပြီးနဖူးကွဲအောင်လုပ်ခဲ့တယ်..။

ငါပြောခဲ့တာတစ်ခွန်းတည်းဘဲ'မင်းကိုလိုချင်တယ်'လို့။

ငါ့ကိုအရမ်းချစ်တဲ့မားကချက်ချင်းလက်ခံခဲ့တယ်။အဲ့တုန်းကငါငါ့ရှေ့မှာမင်းကိုအမြဲမြင်နေချင်ရုံသက်သက်ဘဲ။တဖြည်းဖြည်းငါ့စိတ်တွေမင်းအပေါ်အရောင်ပြောင်းလာခဲ့ပြီးငါ့ရဲ့လူပျိုဖော်ဝင်စကိုမင်းနာမည်နဲ့ဖြတ်သန်းခဲ့တယ်။

''Stupid Rabbit Was Ran From Me Again!'' (COMPLETED)Where stories live. Discover now