"Stupid Rabbit Was Ran From Me Again!"
Part - 16( လမ်းမခွဲဘူး)
For unicode
ရိပေါ်ဟာပင်ပန်းပြီးအိပ်ပျော်သွားသောသူ့ချစ်သူလေးကိုနောက်ကနေပွတ်သပ်နမ်းရှုံ့နေခဲ့သည်။ပထမဆုံးအကြိမ်မဟုတ်ပေမယ့်အရွယ်ရောက်ပြီးသည့်နောက်ပိုင်းဒါဟာသူတို့နှစ်ယောက်ရဲ့ပထမဆုံးအကြိမ်ပင်။သူအကြိမ်ကြိမ်ပြန်တမ်းတခဲ့သောဒီအရသာ။ရင်ခုန်စိတ်လှုပ်ရှားမှုပေါင်းများစွာနဲ့သူတို့နှစ်ယောက်ရဲ့ဒီည။
ဒီအချိန်တွေကိုသူလုံးဝရပ်တန့်ထားချင်မိသည်။သူ့ချစ်သူကသူ့ကိုလုံးဝလက်ခံလိုက်ပြီလေ။လည်ပင်းကိုမကိုက်ရဆိုလို့သူ့ကိုကျောခိုင်းပြီးအိပ်ပျော်နေသောသူ့ရဲ့လည်ပင်းကိုတဖွဖွနမ်းမိသည်။အငြိမ်မနေသောလက်ကလည်းအဝတ်မဲ့နေသောကိုယ်လုံးကိုဟိုပွတ်ဒီပွတ်။အထိမခံသောနေရာတွေကိုတောင်ဖျစ်ညစ်ကိုင်လိုက်သေးသည်။
ဟိုကိုင်ဒီကိုင်လုပ်တာကလည်းရှောင်ကျန့်ရဲ့အသားရည်ဟာနူးညံ့ပြီးချောမေွ့နေလို့။အခုတော့ထိုနူးညံ့သည့်အသားရည်တွင်ရိပေါ်ရဲ့ပိုင်ဆိုင်မှုပြတံဆိတ်တွေကပြည့်နှက်လို့နေသည်။
သူတစ်ယောက်တည်းပိုင်ဆိုင်ရမယ့်အရာ..။ရိပေါ်သိတာပေါ့။လည်ပင်းကရှောင်ကျန့်ရဲ့ sensitiveဖြစ်တဲ့နေရာဆိုတာ။ဘယ်နေရာကိုင်ကိုင်မယားတတ်တဲ့ရှောင်ကျန့်ဟာလည်ပင်းကိုထိရင်တော့မွှေးညှင်းလေးတွေတောင်ထပြီးစိတ်ပါလာတတ်သည်။ဒါကြောင့်ဘဲရှောင်ကျန့်ဘယ်လောက်တားတားလည်ပင်းကိုမရရအောင်နမ်းပြီးမကိုက်မိအောင်မနည်းထိန်းချုပ်ခဲ့ရသည်။ရိပေါ်ဟာလူလိမ္မာလေးပါ။
ရှောင်ကျန့်တစ်ယောက်တည်းနဲ့ဘဲနေသားကျနေသောရိပေါ်ရယ်ပါ။နောက်ဆံုးတော့လည်းအိပ်ပျော်နေသူကခပ်တင်းတင်းဖက်ကာရိပေါ်လည်းအိပ်စက်ခြင်းဆီသို့...။
.
.
.
.
.
.
.
.
"ဘာ!!!
ရှောင်ကျန့်မင်းဘာပြောလိုက်တယ်""ငါတို့လမ်းခွဲရအောင်ရိပေါ်"
"မင်းဘာစောက်စကားပြောတာလဲရှောင်ကျန့်"
"လမ်းခွဲမယ်"
"တောက်!
ရှောင်ကျန့်ငါ့ကိုလာနောက်မနေနဲ့နော်
မင်းချီးဖြစ်နေတာလား"
YOU ARE READING
''Stupid Rabbit Was Ran From Me Again!'' (COMPLETED)
Fiksi Penggemarသူ... သူ..ချစ်တတ်အောင်သင်ပေးခဲ့တယ် သူ..သဝန်တိုတတ်လာအောင်လည်းသင်ပေးခဲ့တယ် သူ..မုန်းတတ်အောင်လည်းသင်ပေးခဲ့ပြန်တယ် တကယ်တော့'သူ'ဆိုတာကျွန်တော်ဘယ်တော့မှလွတ်မြောက်မှာမဟုတ်တဲ့ကျွန်တော့ကိုချည်နှောင်ထားတဲ့အစိမ်းရောင်ကြိုးလေးတစ်ချောင်းပါဘဲ... ...