"Stupid Rabbit Was Ran From Me Again!"
Part- 10( သူတို့မဖြစ်နိုင်ဘူးလေ)
For unicode
အိပ်မက်မက်ေကာင်းတုန်းအိပ်လို့မရလောက်အောင်ဆီးအိမ်ကတင်းလာခဲ့သည်။သူရှူးပေါက်ချင်လို့မတတ်နိုင်တော့ပြီ။အိပ်မက်လေးကိုဆက်မက်ချင်သေးပေမယ့်သူ့အေခြအနေကမထလို့မရတော့..။သူတကယ်ထွက်ကျတော့မည်။
မျက်လုံးဖွင့်ကြည့်လိုက်တော့သူ့မျက်နှာရှေ့မှာဝမ်ရိပေါ်ရဲ့မျက်နှာချောချောလေး။အရင်နေ့တေွတုန်းကလည်းဒီလိုဘဲနိုးလာခဲ့ရတာမို့သူ့အတွက်မထူးဆန်းတော့..။ခါးပေါ်မှာတင်ထားသောဝမ်ရိပေါ်လက်ကိုကုတင်ပေါ်ချလိုက်တော့ဝမ်ရိပေါ်လက်ကသူ့လက်ကိုဖမ်းဆွဲထားသည်။
"စောသေးတယ်..မထနဲ့ဦး"
"ပြန်အိပ်..ပြန်အိပ်
သေးပေါက်ပြီးရင်ပြန်လာမှာ
ဟုတ်ပြီလား"အိပ်ချင်မူးတူးဖြစ်နေတာတောင်သူ့ကိုစိတ်မချဖြစ်နေသော၀မ်ရိပေါ်ကိုသူကပြန်ချော့သိပ်ရလေသည်။အဲ့လိုဘဲဝမ်ရိပေါ်ကသူ့အိပ်ရာမှာမရှိလျှင်လက်တွေနဲ့အရင်စမ်းပြီးသူပျောက်သွားသလိုလိုက်ရှာနေတတ်သည်။
အိမ်သာသွားမလို့လုပ်တော့သူ့အိမ်သာကအရင်ရှိနေကြနေရာမှာမရှိ။သူရေချိုးခန်းထဲမှာပတ်ရှာကြည့်မှတွေ့သည်။
သူတို့ဘယ်ရောက်နေတာလဲ၊သူ့အဝတ်တေွကိုဝမ်ရိပေါ်လဲပေးထားတာလား။
'ယွီပင်းရော..'
သူ့ကိုယွီပင်းပြန်လိုက်ပို့တာကိုသူသေချာပေါက်မှတ်မိသည်။ဝမ်ရိပေါ်ကဘာလို့ဒီကိုရောက်နေရတာလဲ...။သူအိပ်ချင်စိတ်တောင်ပျောက်သွားရသည်။
မျက်နှာသစ်ပြီးသွားတိုက်တော့သူ့နှာခမ်းတစ်ခုလုံးစပ်သွားရသည်။
'ဘာလဲဟ..
အရက်သောက်တာနှာခမ်းပေါက်စရာလိုလို့လား'သူကတော့အန်ရင်းသွားနဲ့ကိုက်မိတာလို့ဘဲမှတ်လိုက်သည်။သွားတိုက်ရင်းလည်ပင်းနားမှာအနီကွက်လိုလိုတွေ့သွားကြောင့် bathrobeကိုလှန်ကြည့်လိုက်သည်။အနီကွက်သုံးကွက်ကြီးများတောင်...။
လက်နဲ့ထိကြည့်လိုက်တော့နည်းနည်းနာသည်။
![](https://img.wattpad.com/cover/250573556-288-k442166.jpg)
YOU ARE READING
''Stupid Rabbit Was Ran From Me Again!'' (COMPLETED)
Fanfictionသူ... သူ..ချစ်တတ်အောင်သင်ပေးခဲ့တယ် သူ..သဝန်တိုတတ်လာအောင်လည်းသင်ပေးခဲ့တယ် သူ..မုန်းတတ်အောင်လည်းသင်ပေးခဲ့ပြန်တယ် တကယ်တော့'သူ'ဆိုတာကျွန်တော်ဘယ်တော့မှလွတ်မြောက်မှာမဟုတ်တဲ့ကျွန်တော့ကိုချည်နှောင်ထားတဲ့အစိမ်းရောင်ကြိုးလေးတစ်ချောင်းပါဘဲ... ...