"Stupid Rabbit Was Ran From Me Again!"
Part- 21(ပြေလည်သွားကြပြီ)
For unicode
"အာ့.."
မတ်တပ်ထရပ်လိုက်သောရှောင်ကျန့်ကိုရိပေါ်ကဖုန်းပြောနေရင်း ဆောင့်ဆွဲလိုက်သောကြောင့်ရှောင်ကျန့်ရိပေါ်ပေါင်ပေါ်ကိုထပ်ရပ်ပြိုလဲကျ၏။
"ရိပေါ်..မင်းဘာဖြစ်နေတာလဲလို့"
"ခဏလေးငြိမ်ငြိမ်နေပေး..."
"လက်မှတ်ထိုးရမှာတွေကိုအကုန်ယူခဲ့..
အေး..ဟုတ်တယ်""......"
"ငါမလာသေးဘူး
အရေးကြီးကိစ္စတွေကိုပါးဆီဘဲတိုက်ရိုက်တင်ပြလိုက်တော့..""...."
"ဟုတ်လား"
"ငြိမ်ငြိမ်နေစမ်း"
ရိပေါ်ကဖုန်းပြောနေရင်းလှုပ်ရှားလာပြန်သော ရှောင်ကျန့်ကိုခါးကနေပြန်ဖိချသည်။ေရှာင်ကျန့်မှာရုန်းလို့လည်းမရသောကြောင့်ရိပေါ်ပေါင်ပေါ်မှာဘဲ တောင့်တောင့်လေးထိုင်နေရရှာသည်။
"ငါမင်းကိုယုံလိုက်မယ်"
"ရိပေါ်ငါ့ကိုလွှတ်"
"မင်းဘယ်လိုဖြစ်နေတာလဲ
ငါအလုပ်လုပ်နေရင်ငြိမ်ငြိမ်လေးနေပါလား""မနေဘူး
ငါပျင်းတယ်
ငါ့ကိုမင်းဘယ်တော့မှပြန်ပို့ပေးမှာလဲ"သူ့ကိုရိပေါ်ခေါ်လာတာ၃ရက်ခန့်ရှိပြီ။ရိပေါ်ကအလုပ်ကိုလည်းဖုန်းနဲ့ဘဲညွှန်ကြားပြီးသူ့နားကတစ်စက်မှမခွာ။သူ့မှာခြံဝင်းထဲတောင်ရိပေါ်မပါဘဲမသွားရ။ အခုလည်းအလုပ်လုပ်နေလို့အပြင်ကိုထွက်မလို့လုပ်တာတောင်အတင်းချုပ်ထားသေးသည်။ဒီသုံးနှစ်အတွင်းမှာပိုပြီးအားကြီးလာသည့်အပြင့်သူ့အပေါ်ချုပ်ချယ်မှုလည်းပိုမိုများပြားလာခဲ့သည်။
"ပြန်ရင်လည်းငါ့အိမ်မှာဘဲမင်းနေရမယ်"
"မနေဘူး
ငါပါးဆီကိုသွားတွေ့ရဦးမှာ""မတွေ့ရဘူး
မင်းကအမြဲတမ်းလူလိမ္မာလုပ်ချင်နေတာ
ပါးကလည်းလူတွေကအမိန့်ပေးခိုင်းစေရတာကိုသိပ်ကြိုက်တာ"
YOU ARE READING
''Stupid Rabbit Was Ran From Me Again!'' (COMPLETED)
Fanfictionသူ... သူ..ချစ်တတ်အောင်သင်ပေးခဲ့တယ် သူ..သဝန်တိုတတ်လာအောင်လည်းသင်ပေးခဲ့တယ် သူ..မုန်းတတ်အောင်လည်းသင်ပေးခဲ့ပြန်တယ် တကယ်တော့'သူ'ဆိုတာကျွန်တော်ဘယ်တော့မှလွတ်မြောက်မှာမဟုတ်တဲ့ကျွန်တော့ကိုချည်နှောင်ထားတဲ့အစိမ်းရောင်ကြိုးလေးတစ်ချောင်းပါဘဲ... ...