"Stupid Rabbit Was Ran From Me Again!"
Part- 12 (ရန်ပွဲ)
For unicode
"ရှောင်ကျန့်"
"ဘာလဲ"
"ငါဒီနေ့အိမ်ပြန်ရမှာ
မနက်ဖြန်ရောက်အောင်ပြန်ခဲ့မယ်နော်"ဝမ်ရိပေါ်ကဒီနေ့အမေရိကကနေကျိုးချန်ပြန်လာမှာလုံးဝမပြော။ငယ်ငယ်တည်းကကျိုးချန်အလည်လာရင်သူတို့နှစ်ယောက်ကအရမ်းရင်းနှီးလွန်းသည်။အခုလည်းဝမ်ကျိုးချန်ကဖုန်းဆက်တိုင်းရှောင်ကျန့်အကြောင်းအမြဲမေးသည်။အဲ့ဒါကိုသူလုံးဝမကြိုက်။
သူသိသည်။ဝမ်ကျိုးချန်လည်းကုတ်ကမြင်းဆိုတာ။ဘွဲ့တွေတသီကြီးယူပြီးလူကြီးတွေရှေ့မှာလိမ္မာပြသည်။ဝမ်ကျိုးချန်သာ straightဆိုသူစိတ်မပူ။သူလည်းbiဟိုကောင်လည်းbi။သူကရှောင်ကျန့်ကိုကြိုက်လွန်းလို့သာကိုယ်ကိုယ်ကိုgayလို့ခံယူလိုက်တာ။
ဦးလေးဝမ်ကျိုးယွီသာသူ့သားအကြောင်းသိသွားလို့ကတော့ကျိုးချန်တို့ပြေးပေါက်ပိတ်ပြီ။ညီအစ်တွေအားလုံးထဲမှာမှဝမ်ကျိုးချန်ကလူလိမ္မာလေး။သူတို့အကုန်ကွေးနေတာသာသိသွားလို့ကတော့ဘိုးဘွားတွေမေတ္တာပို့ကျမှာဧကန်။သူကတော့မျိုးဆက်တေွဘာတေွဘာမှစိတ်မပူ။ပိုက်ဆံရှိရင်အကုန်ဖန်ဆင်းလို့ရတာဘဲမဟုတ်လား။
"မွ"
ရှောင်ကျန့်ဖုန်းသုံးနေတုန်းဘယ်ဘက်ပါးကနွေးသွားရသည်။
"ဝမ်ရိပေါ်
မင်းဘာလုပ်တာလဲ""ငါညဘက်ဘယ်လိုအိပ်ရမှန်းတောင်မသိတော့ဘူး
ဒီအနမ်းကတော့ဒီညအတွက်အားဆေးလေး
ခြေထောက်သက်သာတယ်ဆိုပြီးဘာမှထမလုပ်နဲ့
စားချင်တာရှိရင်deliမှာလိုက်
တခုခုဆိုလည်းငါ့ကိုဖုန်းဆက်"
YOU ARE READING
''Stupid Rabbit Was Ran From Me Again!'' (COMPLETED)
Fanfictionသူ... သူ..ချစ်တတ်အောင်သင်ပေးခဲ့တယ် သူ..သဝန်တိုတတ်လာအောင်လည်းသင်ပေးခဲ့တယ် သူ..မုန်းတတ်အောင်လည်းသင်ပေးခဲ့ပြန်တယ် တကယ်တော့'သူ'ဆိုတာကျွန်တော်ဘယ်တော့မှလွတ်မြောက်မှာမဟုတ်တဲ့ကျွန်တော့ကိုချည်နှောင်ထားတဲ့အစိမ်းရောင်ကြိုးလေးတစ်ချောင်းပါဘဲ... ...