Part- 19(ခိုးပြေးပြီ)

10.9K 831 15
                                    

"Stupid Rabbit Was Ran From Me Again!"

Part-19(ခိုးပြေးပြီ)

For unicode

Three years later..

"ပြန်လာပြီတဲ့boss..
ကျွန်တော်တို့ဘာဆက်လုပ်ရမလဲ"

"အစီစဉ်အတိုင်းဆက်လုပ်..
ဘယ်သူမှမရိပ်မိစေနဲ့.."

"ဟုတ်ကဲ့boss"

နောက်ဆုံးတော့မင်းပြန်လာခဲ့ပြီပေါ့။မင်းလုပ်ခဲ့တဲ့အကျိုးဆက်ကိုမင်းခံနိုင်ဖို့လိုတယ်။ငါက‌ေတာ့မင်းကိုထပ်ပြီးအဆုံးရှုံးခံမှာမဟုတ်တော့လို့ဘဲ..။
.
.
.
.
.
.

"ဘာ!.."

"ကျွန်တော်တောင်းပန်ပါတယ်ဦးလေး
သူတို့ပြောတော့ဦးလေးကြိုခိုင်းလိုက်တာတဲ့
ကျွန်တော်ပေါ့ဆမိသွားတာ
ရှောင်ကျန့်ကိုအဲ့ကားနဲ့မထည့်လိုက်သင့်ဘူး"

"တော်ပြီ
အဲ့လောက်လည်းကိုယ့်ကိုယ်ကိုအပြစ်တင်မနေနဲ့..
ငါတို့လုပ်ရမှာကရှောင်ကျန့်ကိုပြန်ရှာဖို့ဘဲ
လေဆိပ်ကCCTVကိုရော၊လေဆိပ်ကအပြန်လမ်းCCTVတွေကိုစစ်ကြည့်လိုက်
ရှောင်ကျန့်ကိုပြန်မတွေ့မချင်းမင်းမနားရဘူး"

"ဟုတ်ကဲ့"

ကျိုးချန်တကယ်သူ့အပြစ်လိုခံစားနေရသည်။သူတို့တွေကားနှစ်စီးနဲ့လာကြိုကတည်းကရိပ်မိသင့်တာ။"ကားပေါ်မှာလွတ်လွတ်လပ်လပ်အိပ်လို့ရအောင်စီစဉ်ပေးလိုက်တာပါ"တဲ့။သူလည်းလေဆိပ်နဲ့ဝမ်အိမ်တော်ကတော်တော်ဝေးသည်မို့တရေးတမောအိပ်ရင်းလိုက်ပါလာမိသည်။

ရှောင်ကျန့်ကိုခေါ်သွားသည့်ကားကရှေ့ကမို့ဘယ်အချိန်တည်းကဘယ်ကိုရောက်သွားပြီမှန်းမသိလိုက်။အိမ်တော်ရှေ့သို့ရောက်မှသူ့ကိုနှိုးပြီးဒီအတိုင်းထားပစ်ခဲ့သည်။သူလည်းအဲ့အချိန်မှရှောင်ကျန့်ကိုသတိရသည်။ဦးလေးဝမ်လင်းရီကသူ့ကိုသေသေချာချာစောင့်ရှောက်ပေးဖို့မှာထားတာ။တရုတ်မှာဖြစ်‌ေသာ်လည်းရှောင်ကျန့်ကလည်လည်ပွေပွေမဟုတ်သောကြောင့်တခုခုဖြစ်မှာသူစိုးရိမ်လှသည်။ရှောင်ကျန့်ဘာမှမဖြစ်ပါစေနဲ့...။

...........................

ရှောင်ကျန့်အိမ်ပြန်လမ်းပုံမှန်ထက်ရှည်နေတာကြောင့်တခုခုမူမမှန်သလိုခံစားလာရသည်။အခုသူစီးလာတာက long carအမျိုးအစားအပြင်မှန်တွေကိုလည်းblack coverဖုန်းထားသောကြောင့်အပြင်ကလွယ်လွယ်နဲ့မမြင်ရပေ။Driver seat နဲ့အခန်းတစ်ခုလိုခြားနေတာကြောင့်ကားနောက်ခန်းတွင်သူတစ်ယောက်တည်းတိတ်ဆိတ်နေသည်။

''Stupid Rabbit Was Ran From Me Again!'' (COMPLETED)Where stories live. Discover now