"Stupid Rabbit Was Ran From Me Again!''
Part- 6( သခင်လေးတို့မည်သည်..)
For Zawgyi
ဒေါ်ချိုးရီဟွေ့မျှော်လင့်မိတာကသူမသားလွန်ခဲ့သော၅နှစ်ကလိုထပ်လုပ်မှာကိုဖြစ်သည်။သူမသားကစိတ်ကြီးသည်၊လိုချင်တာကိုရအောင်ယူတတ်သည်၊စိတ်နည်းနည်းဆတ်ပြီးပေါင်းသင်းဆက်ဆံရေးနည်းနည်းခက်တာကလွဲလို့ကျန်တာအဆင်ပြေပါတယ်လေ..။
ယောက်ျားလေးတွေကိုစိတ်မဝင်စားဖို့တော့မျှော်လင့်ရတာပါဘဲ။ဝမ်မျိုးရိုးကိုဆက်ခံဖို့မျိုးဆက်လိုသည်မဟုတ်လား။ရိပေါ်လမ်းမှားမရောက်အောင်တော့မိခင်ဖြစ်သူသူမကဘာမဆိုလုပ်မှာပင်။
လွန်ခဲ့သော၅နှစ်ကလည်းရှောင်ကျန့်ကိုရိပေါ်စိတ်ဝင်စားနေမှန်းသိလို့အဝေးကိုပို့ပစ်ခဲ့သည်မဟုတ်လား။အဲ့တုန်းကရှောင်ကျန့်အမှားမဟုတ်မှန်းသိရက်နဲ့တောင်ရှောင်ကျန့်ကိုအပြစ်တွေတင်ကာတစ်ယောက်တည်းတိုက်ခန်းဌားပြီးနေစေခဲ့သည်။
သူမသားနဲ့ရှောင်ကျန့်နီးသွားလို့မဖြစ်ဘူး။သူမတို့မျိုးရိုးမှာရော၊ပတ်ဝန်းကျင်မှာပါယောက်ျားချင်းကြိုက်တာမရှိခဲ့။သူတို့နှစ်ယောက်ပြန်မတွေ့ခင်တော့သူမတစ်ခုခုစီစဉ်ထားမှဖြစ်တော့မည်။
....................
လွန်ခဲ့သော၅နှစ်ခန့်က...
ဒီနေ့ကရိပေါ်ရဲ့၁၆နှစ်ပြည့်မွေးနေ့...။ရှောင်ကျန့်ကသူ့ထက်နှစ်နှစ်ခန့်ကြီးသော်လည်းကျောင်းနားလိုက်ရသောကြောင့်ရိပေါ်တို့နဲ့အတန်းအတူတူ။
ဝမ်သခင်လေးဖြစ်သည့်အပြင်မိသားစုဆွေမျိုးတောင့်သောကြောင့်မွေးနေ့ပွဲသည်အထူးစည်ကားလှသည်။အရွယ်ရောက်လာသောရိပေါ်အဖို့ဆွေကြီးမျိုးကြီးထဲကသမီးရှင်တွေလည်းမျက်နှာလာပြကြသည်။
ကျောင်းကသူငယ်ချင်းတွေပါဖိတ်ထားသောကြောင့်အခါတိုင်းနှစ်တွေလိုပင်မမလေးတွေကသူ့ထက်ငါအလှခြင်းပြိုင်နေကြသည်။
ဝမ်ရိပေါ်ကတော့အနက်ရောင်suitကိုဘာnecktieမှမပါဘဲရိုးရိုးရှင်းရှင်းသာဝတ်ဆင်ထားသည်။ပြောင်လက်နေသောရှူးအထက်မှာဖြောင့်စင်းနေတဲ့ပေါင်တံရယ်၊black suitအောက်မှာဖုန်းကွယ်နေသောပေါင်မုန့်ခြောက်ခုရှိတာကိုတော့တစ်ချို့တစ်လေသာသိသည်။
YOU ARE READING
''Stupid Rabbit Was Ran From Me Again!'' (COMPLETED)
Hayran Kurguသူ... သူ..ချစ်တတ်အောင်သင်ပေးခဲ့တယ် သူ..သဝန်တိုတတ်လာအောင်လည်းသင်ပေးခဲ့တယ် သူ..မုန်းတတ်အောင်လည်းသင်ပေးခဲ့ပြန်တယ် တကယ်တော့'သူ'ဆိုတာကျွန်တော်ဘယ်တော့မှလွတ်မြောက်မှာမဟုတ်တဲ့ကျွန်တော့ကိုချည်နှောင်ထားတဲ့အစိမ်းရောင်ကြိုးလေးတစ်ချောင်းပါဘဲ... ...