"Stupid Rabbit Was Ran From Me Again!"
Part- 20(တရားခံကဝမ်ရိပေါ်)
For unicode
"Bossကျွန်တော်သယ်ပေးရမလား"
ရိပေါ်ထိုbodyduardကိုစိုက်ကြည့်လိုက်တော့အလိုက်တသိနောက်ဆုတ်သွားပြီးခေါင်းငုံ့သွားသည်။
"မလိုဘူး"
တော်တော်ပင်ပန်းသွားသည်ထင်သည်။သူ့အပန်းဖြေအိမ်ရောက်တာတောင်မနိုးနိုင်သေးလို့သူ့အခန်းဆီပွေ့ခေါ်လာရသည်။
"မင်းကိုအပြစ်ပေးမှာမပြီးသေးဘူးနော်ကိုယ့်အချစ်"
ရိပေါ်ရှောင်ကျန့်နှာခမ်းထောင့်လေးကိုနမ်းကာအပြင်သို့ထွက်လာခဲ့သည်။အခုသူဝယ်ထားတဲ့အပန်းဖြေအိမ်ကခြံဝင်းအကျယ်ကြီးမှာအခန်းနှစ်ခန်းဘဲရှိကာအိမ်ပုလေးဖြစ်သည်။ထိုခြံဝင်းအတွင်းမှာဘဲနောက်ထပ်အိမ်ပုလေးတစ်ခုလည်းရှိသေးသည်။တမင်သက်သက်အပန်းဖြေလာဖို့သက်သက်ကိုဝယ်ထားခြင်းဖြစ်သည်။အခုရှောင်ကျန့်ကိုခိုးပြေးလာဖို့အသင့်ဖြစ်သွားတာပေါ့..။
မြို့ထဲနှင့်တော်တော်ဝေးကာဒီအနီးအနားမှာလည်းဘေးမဲ့သစ်တောလည်းရှိသေးသည်။စိုက်ပျိုးရေးခြံလည်းရှိသောကြောင့်စားချင်တဲ့အသီးနှံတွေကိုအဲ့ကနေလည်းတိုက်ရိုက်မှာလို့ရသေးသည်။အေးချမ်းတိတ်ဆိတ်ကာသူလည်းကြိုက်သောကြောင့်ပေးရတဲ့ဈေးနဲ့တန်တယ်လို့တော့သူထင်သည်...။
"ဘာထူးသေးလဲ"
"ရှောင်ကျန့်ကိုဉက္ကဌတို့လိုက်ရှာနေကြပါတယ်
ဟိုနှစ်ယောက်လည်းကားပြောင်းပြီးရှောင်နေကြပါတယ်
ရဲစခန်းရောက်သွားရင်သာ..""အလုပ်ကိုတစ်ပတ်လောက်ခွင့်တင်လိုက်..
Companyရဲ့GMသာတပတ်လောက်ပျောက်နေရင်ပါးလည်းသူ့ကိုငါခေါ်သွားတယ်ဆိုတာရိပ်မိသွားလိမ့်မယ်
ငါ့ကိုတော့ရဲစခန်းမတိုင်လောက်ဘူး
ဟုတ်တယ်မဟုတ်လား""ဟုတ်ကဲ့boss"
"ငါ့အတွင်းရေးမှူးကိုအရေးကြီးတဲ့ကိစ္စတွေကိုmailပို့ထားဖို့ပြောလိုက်ပါ"
"ဟုတ်ကဲ့boss"
"သွားလို့ရပြီ
အခုကားကိုပြန်သွားလဲလိုက်တော့"
YOU ARE READING
''Stupid Rabbit Was Ran From Me Again!'' (COMPLETED)
Fanfictionသူ... သူ..ချစ်တတ်အောင်သင်ပေးခဲ့တယ် သူ..သဝန်တိုတတ်လာအောင်လည်းသင်ပေးခဲ့တယ် သူ..မုန်းတတ်အောင်လည်းသင်ပေးခဲ့ပြန်တယ် တကယ်တော့'သူ'ဆိုတာကျွန်တော်ဘယ်တော့မှလွတ်မြောက်မှာမဟုတ်တဲ့ကျွန်တော့ကိုချည်နှောင်ထားတဲ့အစိမ်းရောင်ကြိုးလေးတစ်ချောင်းပါဘဲ... ...