Part- 11(ရိပေါ်ဟင်းချက်နေသည်)

9.4K 886 18
                                    

"Stupid Rabbit Was Ran From Me Again!"

Part -11(ရိပေါ်ဟင်းချက်နေသည် )

For unicode

"ငါတို့မဖြစ်နိုင်ဘူးရိပေါ်..."

"မဖြစ်နိုင်ဘူးဆိုတာမရှိဘူးရှောင်ကျန့်
မားကြောင့်မို့..ပါးကြောင့်မို့ဆိုပြီးတော့လည်းဆင်ခြေတွေလာမပေးနဲ့
ငါတို့ကညီအစ်ကိုတွေလို့လည်းမပြောနဲ့...
မင်းငါ့ကိုငြင်းချင်ရင်ဒီထက်ခိုင်လုံတဲ့အကြောင်းပြချက်ပေး..."

"ရိပေါ်..."

"ဘာလဲ..
မင်းကငါ့ကိုကြိုးရှည်ရှည်နဲ့လှန်ထားချင်တာလား
ရတယ်
ငါမင်းကိုစောင့်နေမယ်
မင်းပြန်ချစ်မယ့်အချိန်ထိ..
ဒါပေမယ့်မင်းငါ့ကိုကစားရဲကစားကြည့်..
မင်းကိုငါတကယ်အပိုင်သိမ်းပစ်မှာ"

"မဖြစ်နိုင်တာတွေလာပြောနေတာဘဲရိပေါ်..
ငါမင်းကိုဘယ်တုန်းကမှမျှော်လင့်ချက်တွေမပေးဖူးဘူး..
မင်းဘဲငါ့ဘဝထဲကိုဝင်လိုက်ထွက်လိုက်လုပ်နေတာဘဲမဟုတ်ဘူးလား...
ပြီးတော့ငါတို့ကယောက်ျားလေးတွေ..
ငါတို့ကြောင့်မားတို့ပါးတို့ကိုအရှက်မရစေချင်စမ်းပါနဲ့..."

"မင်းဘဲငါ့ဘဝထဲကိုအရင်ဝင်လာခဲ့တာမဟုတ်ဘူးလားရှောင်ကျန့်..
ပြော..မင်းပြော
ငါမင်းကိုချစ်မိသွားတော့မှဘာလို့မင်းကြောင့်မဟုတ်ဘူးလို့ငြင်းနေရတာလဲ"

ယောက်ျားနှစ်ယောက်စကားများရာကနေလက်ရောခြေပါပါလာကြသည်။ဝမ်ရိပေါ်ကပြောလည်းပြော၊သူ့ပုခုံးကိုပါဆွဲလှုပ်သည်။သူကနောက်ဆုတ်‌ေတာ့ရိပေါ်ကရှေ့ကိုလိုက်တိုးတာကြောင့်နောက်ကတည်ထားတဲ့ရေနွေးအိုးကိုတိုက်မိကာရေနွေးအိုးကရှောင်ကျန့်အပေါ်တည့်တည့်ပြုတ်ကျသည်။
ရိပေါ်ကကပြာကယာလှမ်းဆွဲသော်လည်းမလွတ်သော‌ခြေထောက်ကိုထိသွားခဲ့သည်။

"ဒုန်း!!"

"အား..!!"

"ရှောင်ကျန့်..."

အပူလောင်သွားသောဒဏ်ရာကချက်ခြင်းနီရဲတက်လာခဲ့သည်။

"ခွမ်း!!"

ဝမ်ရိပေါ်ကအပြစ်မဲ့သောရေနွေးအိုးကိုပိတ်ကန်ပစ်သည်။

"တောက်!!
မင်းနောက်မှာရေနွေးအိုးရှိနေတာမသိဘူးလား.."

''Stupid Rabbit Was Ran From Me Again!'' (COMPLETED)Where stories live. Discover now