"Stupid Rabbit Was Ran From me Again!''
Part- 1(အိမ်ပြန်ရောက်ခဲ့ပြန်ပြီ)
For zawgyi
ရှောင်ကျန့်သူရှေ့ကခြံတံခါးကြီးကိုမော့ကြည့်လိုက်သည်။တကယ်တော့သူရောက်နေတာနည်းနည်းကြာပြီ။မဝင်ရဲသေးတာကြောင့်တံခါးဘေးအုတ်ဘောင်တွင်ခဏထိုင်လိုက်သေးသည်။သူစိတ်တွေငြိမ်သွားတော့မှတံခါးbellကိုနှိပ်လိုက်သည်။ခြံတံခါးကြီးက electronic lockကြောင့်ခဏကြာတွင်ပွင့်လာသည်။
လွန်ခဲ့သော၅နှစ်ခန့်ကနှင့်ဆိုသူဒီအိမ်ကထွက်သွားပြီးအခုမှပထမဆုံးအကြိမ်လာခဲ့ခြင်းဖြစ်သည်။သို့သော်လည်းသူအလည်လာခြင်းမဟုတ်။အလုပ်ကိစ္စကြောင့်လာခဲ့ခြင်းဖြစ်သည်။မားကသူ့ကိုဆွေးနွေးစရာရှိသည်ဟုဆိုလာသည်မဟုတ်လား..။သူ့ကိုမိသားစုဝင်တစ်ယောက်အဖြစ်သတ်မှတ်ထားတာကိုဘဲသူဝမ်းသာလှပါပြီ။
ဝမ်အိမ်တော်ကအရင်တုန်းကလိုဘဲမပြောင်းလဲဘဲအမြဲတမ်းကြီးကျယ်ခန်းနားနေပါသည်။ထိုအိမ်တော်တွင်နေသောသူတွေဆိုလျင်ပိုပြီးတော့တောင်ကြီးကျယ်လှပကြသည်။လွန်ခဲ့တဲ့၁၃နှစ်၊သူ့ကိုမွေးစားဖို့ခေါ်လာသည့်နှစ်ကလည်းယခုကဲ့သို့ဝမ်အိမ်တော်ကြီးကိုမော့ကြည့်ခဲ့သည်။
သို့သော်လည်းယခုခံစားချက်နှင့်အရင်တုန်းကခံစားချက်ကမတူ။ငယ်ငယ်တုန်းကထိုအိမ်ကြီးကိုကြည့်ပြီးခိုလှုံစရာအရိပ်၊နွေးထွေးသောအိမ်၊သူ့မှာမိသားစုရှိပြီဟုပျော်ရွှင်ခဲ့သည်။ယခုတော့သူ့မှာစိတ်ရှုပ်ထွေးမှုများစွာ၊မားကသူ့ကိုတော်ရုံဝမ်အိမ်တော်ကိုမခေါ်တတ်။သူနှင့်လည်းအပြင်မှာသာတွေ့ဖြစ်ကြသည်။
မားရဲ့ချစ်သားလေးဘာတွေမွှေထားပြန်ပြီလဲ။
ဝမ်ရိပေါ်အိမ်မှာမရှိပါစေနဲ့။သူနဲ့တွေ့ရင်မြန်မြန်ပြန်ချင်သည့်သူ့ဆန္ဒတို့ပျက်ရလိမ့်မည်။ဆုတောင်းတိုင်းမပြည့်တတ်တဲ့သူ့ကံတရားကတော့ဟားတိုက်ရယ်နေလိမ့်မည်။
"ကျန့်ကျန့်''
သူ့အတွေးစတို့ပြတ်တောက်သွားရသည်။
"တီတီ''
ဒီအိမ်ကိုရောက်လာကတည်းကသူ့ကိုငယ်ငယ်တည်းကပင်ချစ်ပေး၊ဂရုစိုက်ပေး၊သူ့အပေါ်နားလည်ပေးခဲ့ပါသောတီတီချင်ဟွေ့။အမြဲတမ်းပြုံးနေတတ်သောသူ့တီတီချင်၊အခုထိလှပနုပျိုနေဆဲပင်။မားချိုးရီဟွေ့ရဲ့ညီမဖြစ်သူချိုးချင်ဟွေ့ကပါးဝမ်လင်းရီအပြင်သူ့အပေါ်ဂရုစိုက်ပေးသောဒုတိယမြောက်လူသားဖြစ်သည်။
YOU ARE READING
''Stupid Rabbit Was Ran From Me Again!'' (COMPLETED)
Fanfictionသူ... သူ..ချစ်တတ်အောင်သင်ပေးခဲ့တယ် သူ..သဝန်တိုတတ်လာအောင်လည်းသင်ပေးခဲ့တယ် သူ..မုန်းတတ်အောင်လည်းသင်ပေးခဲ့ပြန်တယ် တကယ်တော့'သူ'ဆိုတာကျွန်တော်ဘယ်တော့မှလွတ်မြောက်မှာမဟုတ်တဲ့ကျွန်တော့ကိုချည်နှောင်ထားတဲ့အစိမ်းရောင်ကြိုးလေးတစ်ချောင်းပါဘဲ... ...