"Stupid Rabbit Was Ran From Me Again!''
Part- 3( သူ့လိပ်စာလေးကိုဘဲလျို့ဝှက်ထားချင်တာပါ)
For zawgyi
သူတို့ငေးနေကြတာဘယ်လောက်ကြာသွားလဲမသိတော့။ရိပေါ်ရဲ့ခပ်လွင့်လွင့်အပြုံးကိုမြင်မှသူသတိပြန်ကပ်လာခဲ့သည်။
ဒါဆိုwinter fashion အတွက်photo modelကရိပေါ်ပေါ့။ဒါသက်သက်သူ့ကိုအကျပ်ရိုက်အောင်လုပ်လိုက်တာဘဲ။
"ရှောင်ကျန့်...မတွေ့တာကြာပြီနော်''
"အင်း''
"ရှောင်ကျန့်..ငါပြန်ရောက်နေတာ၁နှစ်လောက်ရှိပြီ''
"ဟုတ်လား
ငါမသိဘူး
ငါအလုပ်တွေရှုပ်နေတာနဲ့ဘဲအိမ်ကိုတောင်ပြန်မရောက်ဖြစ်ဘူး''"မေ့မေ့ကမင်းကိုမေးနေတယ်
အဲ့ကောင်မလေးကိုလည်းမားကနိုင်ငံခြားပို့ချင်နေတာ''"မေ့မေ့ကငယ်ပါသေးတယ်
ငါလည်းငါ့ညီမလေးကိုသတိရပါတယ်''ရှောင်ကျန့်သူညီမလေးဆိုတာကိုဖိပြောလိုက်သည်။သူကမွေးစားသား၊ရိပေါ်နဲ့သူ့ကြားမှာညီအစ်ကိုဆက်ဆံရေးနဲ့သာခြားထားလိုသည်။
ဝမ်အိမ်တော်ကိုရောက်လာတုန်းကသူက၁၀နှစ်၊ရိပေါ်က၈နှစ်လောက်ဘဲရှိဦးမည်။ဝမ်မေ့မေ့ကသူအိမ်ကိုရောက်ပြီး၂နှစ်ကြာမှထပ်မွေးခဲ့တာဖြစ်သည်။အသက်ကြီးမှရတာလည်းဖြစ်၊အငယ်ဆုံးလေးမို့လည်းတစ်အိမ်သားလုံးရဲ့အချစ်တော်လေးပင်။
သို့ပေမယ့်ဝမ်မျိုးရိုးတွေရဲ့ဗီဇကိုကနည်းနည်းဆိုးသည်။ဝမ်ရိပေါ်ရဲ့ဝမ်းကွဲအစ်ကိုဝမ်ဟောက်ရွှမ်းလည်းကျောင်းတုန်းကဆရာကြီး၊ဝမ်ရိပေါ်လည်းဘာထူးလို့လဲ။ညီအစ်ကိုနှစ်ယောက်ပေါင်းပြီးဆိုးကြတာဘဲမဟုတ်လား။
အဲ့မှာညီမတစ်ယောက်ရလာတာကပိုဆိုးသေးသည်။မားချိုးရီဟွေ့တို့တောင်မနိုင်ဘဲအလိုလိုက်ထားခဲ့ရတာဘဲမဟုတ်လား။ငယ်ငယ်တုန်းကဆိုမျက်ဖြူဆိုက်ပြီးတက်မတက်ငိုသောကြောင့်မားမှာမဆူရက်၊မရိုက်ရက်။ဝမ်မေ့မေ့ကြောက်တာဆိုလို့ဝမ်ရိပေါ်သာရှိသည်။
ပြောရမယ်ဆိုရင်ရှောင်ကျန့်လည်းဝမ်ရိပေါ်ကိုကြောက်သည်။ဝမ်ရိပေါ်သွေးဆိုးလာရင်ရှောင်ကျန့်ကုတ်ကုတ်လေးနဲ့သူပြောသမျှကိုfollowလိုက်ပေးရသည်။
YOU ARE READING
''Stupid Rabbit Was Ran From Me Again!'' (COMPLETED)
Fanfictionသူ... သူ..ချစ်တတ်အောင်သင်ပေးခဲ့တယ် သူ..သဝန်တိုတတ်လာအောင်လည်းသင်ပေးခဲ့တယ် သူ..မုန်းတတ်အောင်လည်းသင်ပေးခဲ့ပြန်တယ် တကယ်တော့'သူ'ဆိုတာကျွန်တော်ဘယ်တော့မှလွတ်မြောက်မှာမဟုတ်တဲ့ကျွန်တော့ကိုချည်နှောင်ထားတဲ့အစိမ်းရောင်ကြိုးလေးတစ်ချောင်းပါဘဲ... ...